တရုတ်ကို ကူညီရန် တန်ဖိုးကြီးသော ကုန်သွယ်မှုလျှို့ဝှက်ချက်များ ခိုးယူခဲ့သူကို အမေရိကန် ထောင်ချ

By The Print
19 May 2022
တရုတ်ကို ကူညီရန် တန်ဖိုးကြီးသော ကုန်သွယ်မှုလျှို့ဝှက်ချက်များ ခိုးယူခဲ့သူကို အမေရိကန် ထောင်ချ

တရုတ်နိုင်ငံကို အကျိုးရှိစေမည့် ဒေါ်လာသန်းပေါင်းများစွာတန်သော ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူ သည့်အတွက် အသက် ၅၉ နှစ်အရွယ် မစ်ရှီဂန်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို အမေရိကန်က ထောင်ဒဏ် ၁၄ နှစ် ချမှတ် လိုက်သည်။

Coca Cola ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ဓာတုအင်ဂျင်နီယာသည် သူမကိုယ်တိုင်နှင့် တရုတ်အခြေစိုက် လုပ်ဖော်ကိုင်ဖက်များနှင့် တရုတ်အစိုးရကို ကြွယ်ဝစေရန် ကမ္ဘာ့အဆင့်မီနည်းပညာများကို ရယူရန် အလွဲသုံး စားလုပ်ခဲ့သည်ဟု အမေရိကန်တရားရေးဌာနက ပြောကြားခဲ့သည်။

မစ်ရှီဂန်ပြည်နယ် မြို့တော် လန်ဆန်းမှ အသက် ၅၉နှစ်အရွယ် ရှောင်ယုန် ရှန်နွန်ယိုကို တန်နက်ဆီပြည်နယ် ဖက်ဒရယ်တရားသူကြီးက မေ ၉ရက်က စီရင်ချက်ချခဲ့သည်။

ကုန်သွယ်ရေးလျှို့ဝှက်ချက်ခိုးယူရန် ပူးပေါင်းကြံစည်မှု၊ စီးပွားရေးသူလျှိုလုပ်ရန်ရန် ပူးပေါင်းကြံစည်မှု၊ ခိုးယူ ထားသော ကုန်သိွယ်ရေးလျှို့ဝှက်ချက်များ လက်ဝယ်ပိုင်ဆိုင်မှု၊ စီးပွားရေးသူလျှိုလုပ်မှုနှင့် ကြေးနန်းလိမ်လည် မှုတို့ ပါဝင်သော စွဲချက်များဖြင့် ဧပြီလတွင် ခုံသမာဓိအဖွဲ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အမေရိကန် တရားရေး ဌာနက ပြောကြားခဲ့သည်။

စီရင်ချက်တွင် ထောင်မှ လွှတ်ပြီးနောက် ၃နှစ် ခံဝန်ချက်ဖြင့် နေထိုင်ခြင်းနှင့် ဒဏ်ငွေ ဒေါ်လာ ၂၀ဝ,ဝဝဝ လည်း ပါဝင်သည်။

“တရားခံသည် တန်ဖိုးကြီးသော ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုသာမက တရုတ် အစိုးရ အတွက်ပါ အကျိုးရှိစေရန် အသုံးချရန် ရည်ရွယ်ထားကြောင်း” တရားရေးဌာန၏ အမျိုးသား လုံခြုံရေးဌာနမှ လက်ထောက်ရှေ့နေချုပ် မက်သရူး အိုစလန်က ပြောကြားခဲ့သည်။သူမ၏ တရုတ်လုပ်ဖော်ကိုင်ဖက် (Weihai Jinhong Group) သည် ကုမ္ပဏီသစ်အတွက် တရုတ်အစိုးရ၏ ထောက်ပံ့ငွေ ဒေါ်လာသန်းပေါင်းများစွာကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly