ကိုဗစ်ကင်းစင်ရေးမူဝါဒကျရှုံးပြီးနောက် ရှီကျင့်ဖျင် အာဏာ ဆက်လက်ရရှိရေး အခက်အခဲဖြစ်နိုင်

ကိုဗစ်ကင်းစင်ရေးမူဝါဒကျရှုံးပြီးနောက် ရှီကျင့်ဖျင် အာဏာ ဆက်လက်ရရှိရေး အခက်အခဲဖြစ်နိုင်

တရုတ်သမ္မတရှီကျင့်ဖျင်က တတိယမြောက် ရာထူးသက်တမ်းကို ရယူရန်ကြိုးပမ်းနေချိန်တွင် ၎င်း၏ မူဝါဒ များကို ပြည်သူများက မျက်စိမှိတ်မထောက်ခံတော့ဘဲ ယခုအခါ မေးခွန်းထုတ်လာသည်။ 

သမ္မတ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို တရုတ်ပြည်သူများက ကာလကြာရှည် သည်းခံခဲ့ပြီးနောက် မကြုံစဖူး သော တုံ့ပြန်မှုဖြစ်ပေါ်လာခဲ့သည်။

ရှန်ဟိုင်းမြို့ အပါအဝင် ဒါဇင်နှင့်ချီသော မြို့ကြီးများတွင် သီတင်းပတ်များ၊ လနှင့်ချီအောင် ပိတ်ဆို့ ကန့်သတ် ခြင်းကြောင့် အစားအစာနှင့် လူသုံးကုန်များ ပြတ်လပ်သွားခဲ့သည်။

တရုတ်ထိပ်တန်း ပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းကြီးများကို မည်သူက ဆရာဖြစ်သည်ကို ပြသရန်  သမ္မတ ၏ လုပ်ဆောင်ချက်ကြောင့် ထိခိုက်နေပြီးဖြစ်သည့် တရုတ်စီးပွားရေးသည် ပိတ်ဆို့ကန့်သတ်မှုများကြောင့် အထိနာခဲ့သည်ဟု Hongkong Post က ဖော်ပြခဲ့သည်။

ကုန်သွယ်ရေး ထိခိုက်မှု၊ သင်္ဘောများသည် ရှန်ဟိုင်း ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချမပြုလုပ်နိုင်ခြင်း၊ စက်ရုံ များ ပိတ်ခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုနှင့် ဈေးနှုန်းများ အဆက်မပြတ် မြင့်တက် လျက် ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီသည် မကြာသေးမီက အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်အတွက် ကိုယ်စားလှယ် အဖြစ် သမ္မတရှီကို ရွေးချယ်ခဲ့သည်။

ပါတီ၏ ကွမ်ရှီဒေသကွန်ဂရက်တွင် တညီတညွတ်တည်းမဲဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Hongkong Post က ဖော်ပြခဲ့သည်။

၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်ကျင်းပမည့်ရက်သည် ရှုပ်ထွေးသောပြည်တွင်းပြင်ပအခြေအနေများကို ကြုံတွေ့ရနိုင်သည်ဟု ရှု့မြင်နေချိန်တွင် CCP ဗဟိုကော်မတီက ၎င်းအား ကွန်ဂရက် ကိုယ်စားလှယ်လောင်း အဖြစ် လျာထားခြင်းဖြစ်သည်။

ရှီသည် တတိယသက်တမ်းကို ရယူရန်မည်ဆိုပါက အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ဖြေရှင်းချက် အချို့ ပြုလုပ်ရမည်ဖြစ်ကြောင်း The Diplomat က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly