ပါကစ္စတန်ဘက်မှ ဒရုန်းဖြင့် မူးယစ်မှောင်ခိုကူးရန် ကြိုးပမ်းမှုကို အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ ဟန့်တား

ပါကစ္စတန်ဘက်မှ ဒရုန်းဖြင့် မူးယစ်မှောင်ခိုကူးရန် ကြိုးပမ်းမှုကို အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ ဟန့်တား

အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) ၏ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေလ ၁၀ ရက်က ပါကစ္စတန်ဘက်မှ ဒရုန်းယာဉ်တစ်စင်းဖြင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးရန် ကြိုးပမ်းမှုတစ်ရပ်ကို တားမြစ်ဟန့်တားနိုင်ခဲ့ကြောင်း BSF ၏ ပန်ဂျပ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

အသင့်အနေအထားတွင်ရှိနေသည့် BSF တပ်ဖွဲ့ဝင်များသည် ပါကစ္စတန်ဘက်မှ လာသော ဒရုန်းယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်။ ထို ဒရုန်းသည် အထုပ် ၉ထုပ်ကို သယ်ဆောင်ပျံသန်းလာခဲ့ခြင်း ဖြစ်ကြောင်း BSF က ပြောသည်။

“မေ ၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ကျွန်တော်တို့ရဲ့ စစ်သားတွေဟာ နယ်စပ်ခြံစည်းရိုးပေါ်ကနေ တစ်ဝီဝီ ပျံသန်းလာခဲ့တဲ့ ဒရုန်းတစ်စင်းရဲ့ အသံကို ကြားခဲ့တဲ့အတွက် အဲဒါကို သေနတ်နဲ့ ၉ ချက် ပစ်ခတ်ခဲ့ပါတယ်” ဟု အမ်ရစ်စာမြို့ BSF တပ်ဖွဲ့မှ ဒုတိယအကြီးအကဲ ဘီ ဆင်းန်က ပြောသည်။

“ရှာဖွေမှုတွေ လုပ်ခဲ့ရာမှာ ကျွန်တော်တို့ဟာ ပန်ကာ ၆လုံးတပ် ဒရုန်းတစ်စင်းကို တွေ့ခဲ့သလို ဘိန်းဖြူ ၁၀ ကီလိုကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီ ဒရုန်းကတော့ ပါကစ္စတန်ဘက်ခြမ်းကနေ ပျံသန်းဝင် ရောက်လာတာပါ” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly