မြန်မာ အလုပ်သမား ၁၅၀ ကျော် MOU စနှစ်နဲ့ ထိုင်းကို တတိယအသုတ် ထပ်မံပို့ဆောင်

By ကိုရွှေမြိတ်
19 May 2022
မြန်မာ အလုပ်သမား ၁၅၀ ကျော် MOU စနှစ်နဲ့ ထိုင်းကို တတိယအသုတ် ထပ်မံပို့ဆောင်

မဲဆောက်၊ မေလ ၁၉

ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမားများ တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိစေရေး နှစ်နိုင်ငံ သဘောတူညီမှုဖြင့် အလုပ်သမားများ စေလွှတ်လျှက်ရှိရာ ယနေ့ မေလ ၁၉ ရက်နေ့တွင်လည်း ၁၅၁ ဦး ထပ်မံ ဝင်ရောက်လာကြောင်းအလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office ရုံးက ထုတ်ပြန်ထားကြောင်း သိရ သည်။

မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် ယခု တစ်ခေါက် ဝင်ရောက် လာသည့် မြန်မာ အလုပ်သမား ၁၅၁ ဦး သည် ထိုင်းနိုင်ငံ အတွင်းရှိ Fujikura Electronics(Thailand) Co.,Ltd တွင် ၉၂ ဦး၊ Thai Chin Fu Enterprise Co.,Ltd မှာ ၂၉ ဦး နှင့် Samakee Concrete Product Co.,Ltd တွင် ၃၀ ဦး အသီးသီး ပို့ဆောင်ရန် စီစဉ်နေသည်ဟု အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထား သည်။

လက်ရှိ မြန်မာ ရွေ့ပြောင်း အလုပ်သမားများ MOU စနစ်ဖြင့် မေလ ၁၀ မှ ၁၉ ရက်နေ့ အထိ စုစုပေါင်း ၇၃၉ ဦး ရှိပြီ ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။

#ထိုင်းနိုင်ငံ

#ရွှေ့ပြောင်းလုပ်သား

#MOU

#Myanmar Labour Attache Office

#အလုပ်သမားသံအရာရှိရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly