လောင်းလုံးတွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ရှင်းလင်းခံရ

By ကိုရွှေမြိတ်
18 May 2022
လောင်းလုံးတွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ရှင်းလင်းခံရ

လောင်းလုံး၊မေလ(၁၈)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ တောင်မင်းပြောင်ရွာနှင့် ခမောင်းတောင်ရွာကြား လမ်းပိုင်းတစ်နေရာ တွင် ယမန်နေ့ညနေပိုင်းက စည်းရုံးရေးဆင်းရာမှပြန်လာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း PDF ပူးပေါင်းအဖွဲ့များထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရသူမှာ ဦးဝေစိုးဆိုသူဖြစ်ပြီး ၎င်းသည်လောင်းလုံးမြို့နယ်အတွင်းရှိ ရွာစွန် ရွာဖျားများမှ ပြည်ခိုင်ဖြိုးပါတီဝင်များကို စည်းရုံးရေးဆင်းပြီးအပြန်လမ်းတွင် မေလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်က Dawei Guerrilla Revolution Force (DGRF)နှင့် Launglone People Defence Forces (LLPDF) အဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။

Launglone People Defence Forces (LLPDF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “သူ့ကို ကျွန်တော်တို့ LLPDF နဲ့ DGRF ပူးပေါင်း ရှင်းလင်းခဲ့တာပါ၊ CDM သမားတွေကိုခြိမ်းခြောက်နေသူတစ်ဦးပါ။ တိုင်တန်းမှု တွေလည်းရရှိထားတဲ့အတွက် ရှင်းလင်းရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးဝေစိုးသည် ပါတီဝင်တစ်ဦးဖြစ်သည့်အပြင် ထွေအုပ်ရုံး စာရေးတစ်ဦးလည်းဖြစ်ကြောင်း မြို့ခံများထံမှသိရသည်။

#Mizzima

#လောင်းလုံးမြို့နယ်

#ပြည်ခိုင်ဖြိုးပါတီဝင်

#ရှင်းလင်းခံရ

#DGRF

#LLPD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly