တရုတ်ကုမ္ပဏီများ၏ ငွေပေးချေမှု နှောင့်နှေးနေခြင်းက စီးပွားရေး ပြန်လည်နာလန်ထမှု နှေးကွေးနေကြောင်း ဖော်ပြနေ

တရုတ်ကုမ္ပဏီများ၏ ငွေပေးချေမှု နှောင့်နှေးနေခြင်းက စီးပွားရေး ပြန်လည်နာလန်ထမှု နှေးကွေးနေကြောင်း ဖော်ပြနေ

တရုတ်စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၂ခုနှစ်တွင် နှေးကွေးမည်ဟု ခန့်မှန်းထားချိန်တွင် တရုတ်ကြွေးမြီ အာမခံအုပ်စုဖြစ်သည့် Coface က ပြုလုပ်သည့် ငွေပေးချေမှုစစ်တမ်းတွင် တရုတ်ကုမ္ပဏီများစွာသည် ငွေပေး ချေမှုအလွန်နှောင့်နှေးမှုများ (ULPDs) ကို အစီရင်ခံတင်ပြထားသောကြောင့် ကုမ္ပဏီများသည် ၆လ ထက်ကျော်သည့် ရက်လွန်ငွေပေးချေမှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြနေသည်။

Coface ၏ အဆိုအရ တရုတ်စီးပွားရေး တိုးတက်မှုသည် ၂၀၂၂ခုနှစ်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ နှေးကွေး သွားမည်ဟု ခန့်မှန်းထားပြီး ယင်းသည် ၂၀၂၁ခုနှစ်က ၈ ဒသမ ၁ ရာခိုင်နှုန်းမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ကဏ္ဍ ၁၃ ခုအနက် လယ်ယာ-စားနပ်ရိက္ခာကဏ္ဍထိပ်ဆုံးမှ ပါဝင်ပြီး ယင်းနောက်တွင် သစ်သား၊ သယ်ယူ ပို့ဆောင်ရေးနှင့် အထည် အလိပ်တို့ ပါဝင်သည့် ကဏ္ဍ ၉ ခုသည် ငွေပေးချေမှု နှောင့်နှေးမှုများ များလာ နေ ကြောင်း အစီရင်ခံတင်ပြခဲ့ရာ ၄၃ ရက်အတွင်း နှောင့်နှေးမှုအဆိုးဆုံးဖြစ်လာခြင်းဖြစ်သည်။

တရုတ်စီးပွားရေးသည် သိသာထင်ရှားသော နှေးကွေးမှုနှင့် ရင်ဆိုင်နေရချိန်တွင် အိမ်ခြံမြေကဏ္ဍသည်လည်း ကျဆင်းလာခဲ့သည်။

ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ဝယ်နိုင်စွမ်းအား ပြန်လည်ကောင်းမွန်မှု ကျဆင်းသွားခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းသည် ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းဖြင့် နှစ်စဉ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း ငွေပေး ချေမှုအလွန် နှောင့်နှေးမှုများ (ULPDs)များ ကြုံတွေ့နေရကြောင်း ဆိုသည်။

Coface ၏ အတွေ့အကြုံအရ ငွေပေး ချေမှုအလွန် နှောင့်နှေးမှုများ (ULPDs)၏ ၈၀ ရာခိုင်နှုန်းသည် မည်သည့် အခါမျှ ပေးချေမည်မဟုတ်ပေ။

Coface ၏ အဆိုအရ ပိုမိုကောင်းမွန်သော ငွေသားစီးဆင်းမှုရှိမည်ဟု ခန့်မှန်းထားသည့် ဖြေဆိုသူများကလည်း ၂၀၂၀ပြည့်နှစ်တွင် ၅၀ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁ခုနှစ်တွင် ထက်ဝက်ခန့်ဖြစ်သည့် ၂၇ ရာခိုင်နှုန်းသို့ ကျဆင်း သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly