ယူကရိန်းအကျပ်အတည်းကို ထိုင်ဝမ်တွင် တရုတ်က ပုံတူကူးချစေချင်

ယူကရိန်းအကျပ်အတည်းကို ထိုင်ဝမ်တွင် တရုတ်က ပုံတူကူးချစေချင်

ထိုင်ဝမ်ကို အနာဂတ်တွင် အင်အားသုံး သိမ်းပိုက်ပါက ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်နှင့် အကျိုးဆက်များကို အကဲဖြတ်နေသည့် တရုတ်ခေါင်းဆောင်ပိုင်းအတွက် ရုရှား-ယူကရိန်း ပဋိပက္ခက အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

“ရုရှား-ယူကရိန်း ပဋိပက္ခ ပထမ ၁၀-၁၁ ပတ်အတွင်း ခါးသီးတဲ့ အတွေ့ အကြုံက တရုတ်အတွက် အံ့အား သင့်စရာ ဖြစ်ခဲ့ပြီး တရုတ်ခေါင်းဆောင်တွေက ထိုင်ဝမ်ကို ထိန်းချုပ်ဖို့အတွက် အနာဂတ်မှာ အင်အားသုံးမှုရဲ့ ကုန်ကျစရိတ်နဲ့ အကျိုးဆက်တွေကို အကဲဖြတ်နေပါတယ်' ဟု CIA ညွှန်ကြားရေးမှူး ဝီလျံဘန်းစ်က ပြောကြားခဲ့သည်။

“ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်ရန်လိုတဲ့ ရုရှားနဲ့ ပူးပေါင်း တာကြောင့် သမ္မတရှီကျင့်ဖျင်က ဂုဏ်သိက္ခာထိခိုက်တာနဲ့ စစ်ပွဲကြောင့် စီးပွားရေး မသေချာ မရေရာမှုတွေ ကြောင့် ရှီကျင့်ဖျင်က အနည်းငယ် ဂနာမငြိမ်ဖြစ်နေပါတယ်” ဟု ဘန်းစ်က ပြောကြားခဲ့သည်။

မူဝါဒ သုတေသနအဖွဲ့၏ အဆိုအရ လွတ်လပ်သော တရုတ်ရေနံချက်စက်ရုံပိုင်ရှင်များသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ရှောင်ရှားရန် လက်ရှိဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲကာလအတွင်း ရုရှားရေနံကို အလွန်အမင်း လျှော့ဈေး ဖြင့် တိတ်တဆိတ် ဝယ်ယူနေကြသည်။

ထို့ပြင် မတ်လတွင် ရုရှားက တရုတ်မှ အလူမီနာ မက်ထရစ်တန် ၉,၉၅၀ ကို ဝယ်ယူခဲ့ပြီး ယင်းသည် ၂၀၂၁ခုနှစ် အလားတူကာလက ရုရှားဝယ်ယူခဲ့သည့် ပမာဏထက် ၁၀ ဆနီးပါး ပိုမိုများပြားသည်ဟု တရုတ်အကောက်ခွန် အချက် အလက်ကို ကိုးကား၍ POREG က ထပ်မံဖော်ပြခဲ့သည်။

ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ စိုးရိမ်နေချိန် တွင် တရုတ်အာဏာပိုင်များက တရုတ်စီးပွားရေးတည်ငြိမ်မှုကို များစွာစစ်ဆေးနေသည်။

တရုတ်ကုမ္ပဏီများက အမေရိကန်နည်းပညာများပါဝင်နိုင်သော ထုတ်ကုန်များကို ရုရှားကို ဆက်လက် ထောက်ပံ့ပေးနေပါက ဖြစ်ပေါ်လာနိုင်သည့် ဆင့်ပွားပိတ်ဆို့အရေးယူမှုအန္တရာယ်ကို တိတ်တဆိတ် အကဲဖြတ်နေကြသည်။

ပိတ်ဆို့အရေးယူမှုများကြောင့် အမေရိကန်စတော့ရှယ်ယာဈေးကွက်မှ တရုတ်ကုမ္ပဏီများကို ဖယ်ရှား မခံရ စေရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်က အမေရိကန်နှင့် ဆက်ဆံရေးကောင်မွန်စေရန်ဆောင်ရွက်နေကြောင်း CNN က ဖော်ပြခဲ့သည်။

ယူကရိန်းပဋိပက္ခသည် ထိုင်ဝမ်အပေါ် ကြိုတင်ခန့်မှန်းနိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ဘန်းစ်က စောဒကတက်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ထိန်းချုပ်ရန် ရှီ၏ ဆုံးဖြတ်ချက်ကို ပျက်ပြားစေမည် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly