ထိုင်ဝမ်ကို အင်အားသုံးထိန်းချုပ်ရန် ကြိုးပမ်းပါက ဖြစ်လာမည့် အကျိုးဆက်ကို ယူကရိန်းပြဿနာမှ တရုတ်အစိုးရ သတိပြုမိလာ

ထိုင်ဝမ်ကို အင်အားသုံးထိန်းချုပ်ရန် ကြိုးပမ်းပါက ဖြစ်လာမည့် အကျိုးဆက်ကို ယူကရိန်းပြဿနာမှ တရုတ်အစိုးရ သတိပြုမိလာ

ထိုင်ဝမ်ကို သိမ်းပိုက်ရန် အင်အားသုံးကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်နှင့် အကျိုးဆက်များကို ယူကရိန်း အကျပ်အတည်းက တရုတ်ကို သတိပြုမိစေခဲ့သည်။

ယူကရိန်းတွင် ရုရှား၏ လုပ်ရပ်ကို ရှုတ်ချရန်နှင့် ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းသူအဖြစ် ဖျန်ဖြေပေးမည့် ဖြစ်နိုင်ခြေကိုလည်း တရုတ်အစိုးရက ငြင်းဆိုထားသည်။

“ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်ရန်လိုတဲ့ ရုရှားနဲ့ ပူးပေါင်းလိုက်တဲ့ သမ္မတရှီကျင့်ဖျင်က ဂုဏ်သိက္ခာ ထိခိုက်တာနဲ့ စစ်ပွဲကြောင့် စီးပွားရေး မသေချာ မရေရာမှုတွေ ကြောင့် ရှီကျင့်ဖျင်က အနည်းငယ် ဂနာ မငြိမ်ဖြစ်နေပါတယ်” ဟု ဗဟိုထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူး ဘန်းစ်က ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ၏ ပထမ ၁၀-၁၁ ပတ်အတွင်း ခါးသီးသည့် အတွေ့ အကြုံက တရုတ်အတွက် အံ့အား သင့်စရာ ဖြစ်ခဲ့ကြောင်း သူ့အမြင်ကို ဖော်ပြခဲ့သည်ဟု မူဝါဒသုတေသနအဖွဲ့မှ သုံးသပ်ချက်တွင် ဘန်းစ်ကို ကိုးကားဖော်ပြခဲ့သည်။

တရုတ်ကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုခံရမည်ကို စိုးရိမ်သောသောကြောင့် စတော့ရှယ်ယာများ အမြောက် အမြား ရောင်းချမှုကို တရုတ်သည် ကြုံတွေ့နေရသည်။

ဘဏ္ဍာရေးဈေးကွက်ဘေးကင်းတည်ငြိမ်ရေးအတွက် ပိတ်ဆို့အရေးယူမှုများကို ဖိတ်ခေါ်ရန် မည်သည့်အရာ ကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း တရုတ်အစိုးရက အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။

ထို့ပြင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တရုတ်ကျူးကျော်မှုလာပါက ထိုင်ဝမ်အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံပြီး ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည့်အတိုင်း တရုတ်ကို ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်အား တရုတ်ကျူးကျော်မှုကိစ္စတွင် နိုင်ငံတကာဥပဒေအပေါ် သက်ရောက်မှုရှိစေမည့် ဂယက်ရိုက်ခတ် မှုများကို ရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံအတွင်း ဥပဒေရေးရာ အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ စတင် နေပြီဟု အစီရင်ခံစာများက ဖော်ပြနေကြောင်း မူဝါဒ သုတေသနအဖွဲ့က ဆိုသည်။

အကြံပြုထားသော အစီအမံများတွင် တရုတ်၏ လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ ကိုးကားချက် အပိုဒ် ၂ နှင့် ယင်း၏ ပုဒ်မ ၄ အရ တရုတ်၏ တရားဝင် အင်အား သုံးမှုသည် သင့်လျော်ကြောင်း ဖော်ပြရန် တရုတ်က အလေးပေး ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly