တရုတ်သို့ ရုရှားသတ္ထုကျောက်မီးသွေး တင်ပို့မှု ဧပြီလတွင် ၄၉ ရာခိုင်နှုန်း ခန့်တိုးလာ

တရုတ်သို့ ရုရှားသတ္ထုကျောက်မီးသွေး တင်ပို့မှု ဧပြီလတွင် ၄၉ ရာခိုင်နှုန်း ခန့်တိုးလာ

တရုတ်သို့ ရုရှားသတ္တုကျောက်မီးသွေး တင်ပို့မှုသည် ဧပြီလတွင် ၄၉ ရာခိုင်နှုန်း ခန့်တိုးလာသည်ဟု ကုန်စည် ခွဲခြမ်းစိတ်ဖြာရေး ကုမ္ပဏီ Kpler ကို ကိုးကား၍ Sputnik က ဖော်ပြလိုက်သည်။

အိမ်နီးချင်း ယူကရိန်းကို တိုက်ခိုက်မှုကြောင့် ဥရောပဈေးကွက်တွင် ဆက်လက်ပိတ်ဆို့လိုက်သဖြင့် ရုရှားက ကျောက်မီးသွေးတင်ပို့မှုများကို အရှေ့နိုင်ငံများသို့ လမ်းကြောင်းပြောင်းခဲ့သည်။

ထို့ပြင် တရုတ်သည် ဧပြီလတွင် ရုရှားနိုင်ငံထုတ် ကျောက်မီးသွေး တန်ချိန် ၁ ဒသမ ၃၇ သန်း တင်သွင်းခဲ့ပြီး မတ်လတွင် တန်ချိန် ၉၂၂,ဝဝဝ တန် နှင့် ၂၀၂၁ခုနှစ် ဧပြီလတွင် တန်ချိန် ၇၅၀,ဝဝဝ အထိ တင်သွင်းရာမှ များလာခြင်းဖြစ်ကြောင်း ဘရပ်ဆဲလ်အခြေစိုက် ကုမ္ပဏီက ဖော်ပြခဲ့သည်။

မော်စကိုအခြေစိုက် အဆင့်သတ်မှတ်ရေးအေဂျင်စီ ACRA ၏  ကော်ပိုရိတ်အဆင့်သတ်မှတ်ရေးဒါရိုက်တာ အိုင်ယာမာကာရော့ဗ်က အာရှသို့ အပြောင်းအရွှေ့သည် ရုရှား၏ ရထားပို့ဆောင်ရေးစွမ်းရည်ကို ထိခိုက်စေပြီး အာရှဈေးကွက်တွင် ကျောက်မီးသွေးဈေးနှုန်းများ ကျဆင်းစေမည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။

ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ရေနံကဲ့သို့သော ဈေးသက်သာသော စွမ်းအင်၏ ဆွဲဆောင်မှုနှင့် ဒဏ်ခတ်ပိတ် ဆို့မည်ကို စိုးရိမ်သော ရုရှားမှ တန်ဖိုးနည်း ဂျုံများကို တရုတ်က ရုရှားမှ တက်နိုင်သမျှ ဝယ်ယူရန် ဆုံးဖြတ် ထားသည်။

တရုတ်သည် ၂၀၂၁ခုနှစ်တွင် ကျောက်မီးသွေး တန်ချိန် ၃၂၃ ဒသမ ၃၃ သန်း တင်သွင်းခဲ့ပြီး စုစုပေါင်း ကျောက်မီးသွေး သုံးစွဲမှု၏ ၈ ရာခိုင်နှုန်းခန့် တင်သွင်းခဲ့သည်။

တရုတ်က သံမဏိထုတ်လုပ်ရေးတွင် အဓိကအသုံးပြုသည့် ကျောက်မီးသွေးမာ နှင့် သတ္ထုကျောက်မီးသွေး အတွက် သွင်း ကုန် ခွန်များကို လက်ရှိ ၃ ရာခိုင်နှုန်း မှ သုညအထိ လျော့ချမည်ဖြစ်ပြီး အခြားကျောက်မီးသွေး အမျိုးအစား များ အတွက်မူ ၃-၆ရာခိုင်နှုန်းအထိ လျော့ချမည်ဖြစ်သည်။

သို့သော် ပြည်တွင်းတွင် ထုတ်လုပ်မှုစံချိန်တင်ကာ ပင်လယ်ရေကြောင်းမှ တင်သွင်းသည့် ကျောက်မီး သွေးဈေးနှုန်းများ သမိုင်းတွင် အမြင့်ဆုံးရှိနေချိန်၌ ကျောက်မီးသွေး တင်သွင်းခွန်များ ဖယ်ရှားလိုက်ခြင်းက ၂၀၂၂ ခုနှစ်တွင် တရုတ်၏ ကျောက်မီးသွေးဝယ်ယူမှုအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly