အိန္ဒိယတွင် ဒရုန်းဆိုသည့် စကားလုံး ရေပန်းစားနေ

By Saudi Gazette
17 May 2022
အိန္ဒိယတွင် ဒရုန်းဆိုသည့် စကားလုံး ရေပန်းစားနေ

အိန္ဒိယနည်းပညာနယ်ပယ်တွင် ရေပန်းစားလာသည့် စကားလုံးအသစ်မှာ မောင်းသူမဲ့ ဒရုန်းဖြစ်သည်။ ယင်းစကားလုံးသည် လူငယ်များ၊ စီးပွားရေး လုပ်ငန်းများနှင့် မူဝါဒချမှတ်သူများကို စွဲဆောင်ထားသည်။ မင်္ဂလာဆောင်မှစ၍ နယ်စပ်စောင့်ကြည့် ထောက်လှမ်းရေးအထိ ဒရုန်းများကို နယ်ပယ်အသီးသီးတွင် အသုံးပြုလာကြသည်။

‌ကဏ္ဍအသီးသီးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အိန္ဒိယအနေဖြင့် ၎င်း၏ ဒရုန်းမူဝါဒကို စဉ်ဆက်မပြတ် အဆင့်မြှင့် မွမ်းမံလျက်ရှိနေသလို နိုင်ငံတော် လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကိုလည်း တွက်ချက်ဆောင်ရွက်လျက်ရှိသည်။

‌“ဒရုန်းဆိုင်ရာ စည်းမျည်းသစ်က လုပ်ငန်းသစ်တွေနဲ့ ဒီကဏ္ဍက လူငယ်တွေအတွက် များစွာ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။ ဆန်းသစ်တီထွင်မှုတွေနဲ့ စီးပွားရေးအတွက် အခွင့်အလမ်းအများအပြားကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီစည်းမျည်းသတ်မှတ်ချက်အသစ်တွေက အိန္ဒိယရဲ့ ဆန်းသစ်တီထွင်မှု၊ နည်းပညာနဲ့ အင်ဂျင်နီယာ ပညာရပ်ဆို်ငရာ အင်အားတွေကို မြင့်တက်လာစေပြီး ဒရုန်းအဓိက ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက တွစ်တာတွင် ရေးသားခဲ့သည်။

လိုအပ်ချက်အမျိုးမျိုးနှင့် ကိုက်ညီအဆင်ပြေစေရန် အိန္ဒိယက ဒရုန်းများကို အလွန်သေးငယ်သည့် အရွယ်အစားမှ ကြီးမားသော အရွယ်အစားအထိ ထုတ်လုပ်လျက်ရှိသည်။

‌အသေးငယ်ဆုံး Nano ဒရုန်းများသည် ၂၅၀ ဂရမ်နှင့် အောက်သာ ရှိသလို Micro ဒရုန်းများသည် ၂၅၀ ဂရမ်ကျော်နှင့် ၂ ကီလိုဂရမ်ခန့် ရှိသည်။ Small အရွယ်အစားတွင် ၂ ကီလိုဂရမ်မှ ၂၅ ကီလိုဂရမ်ဝန်းကျင်ရှိပြီး Medium အရွယ်အစားတွင် ၂၅ ကီလိုဂရမ်အထက်နှင့် ၁၅၀ ကီလိုဂရမ်ဝန်းကျင်အထိ ဖြစ်ကာ Large အရွယ်အစားတွင် ၁၅၀ ကီလိုဂရမ်နှင့်အထက်ရှိသည်။

စည်းမျည်းသတ်မှတ်ချက်အများစုသည် အကြီးစား ဒရုန်းများအတွက်သာဖြစ်သော်လည်း Nano အရွယ်အစားများအတွက်လည်း အကျုံးဝင်သည်။ Nano ဒရုန်းများသည် ပေ ၅၀ အကွာအဝေးအတွင်းသာ ပျံသန်းနိုင်ပြီး လေဆိပ်နှင့် အခြား ကန့်သတ်နေရာများတွင် အသုံးပြုရန် ခွင့်ပြုချက်လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly