ရုရှားနှင့် ယူကရိန်း ပြဿနာကို ပြေလည်အောင် ဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ဆုံးဖြတ်

15 May 2022
ရုရှားနှင့် ယူကရိန်း ပြဿနာကို ပြေလည်အောင် ဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ဆုံးဖြတ်

ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် သက်ရောက်မှုအများအပြား ဖြစ်ပေါ်နေရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ကုန်ပစ္စည်းရှားပါးမလုံလောက်မှုများ ဖြစ်ပေါ်နေကြောင်း မေ ၅ ရက်က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ဆွေးနွေးခဲ့သည်။

‌ယင်းအခက်အခဲ ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းရေးအတွက်လည်း ၎င်းတို့ နှစ်ဦးက သဘောတူညီခဲ့ကြသည်။

ဥရောပမှ အဓိက မိတ်ဘက်နိုင်ငံနှင့် အင်ဒို-ပစိဖိတ် ဒေသမိတ်ဘက်လည်းဖြစ်သည့် ပြင်သစ်ကဲ့သို့ အိန္ဒိယက ရုရှား၏ ကျူးကျော်မှုနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချမှုတွင် မပါဝင်ခဲ့သော်လည်း တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် ယူကရိန်းအရေးနှင့် ပတ်သက်၍ တစ်ဘက်နှင့် တစ်ဘက် ရပ်တည်ချက်များကို ရှင်းလင်းပြတ်သားစွာ နားလည်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီနေးကေဝါထရာက ပြောကြားသည်။

အရပ်သားများသေဆုံးရခြင်းအပေါ် အိန္ဒိယနှင့် ပြင်သစ်တို့က ပြစ်တင်ရှုတ်ချခဲ့ကာ တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသော်လည်း ဂျာမနီနှင့် မြောက်ဥရောပ၊ မြောက်အတ္တလန္တိတ်နိုင်ငံများကဲ့သို့ မဟုတ်ဘဲ ပြည်သူများ၏ ဒုက္ခကြုံတွေ့ရမှုများ အဆုံးသတ်စေရေးအတွက် သက်ဆိုင်ရာနိုင်ငံများက တွေ့ဆုံ ဆွေးနွေးခြင်းနှင့် သံခင်းတမန်ခင်း နည်းလမ်းများဖြင့်သာ ဖြေရှင်းကြရန် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly