ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်မှုများရှိသော်လည်း ဘာလို့ချ် လူမျိုးစုတို့၏ ခုခံတော်လှန်မှု ကြီးထွားလာ

By Alarabiyapost
15 May 2022
ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်မှုများရှိသော်လည်း ဘာလို့ချ် လူမျိုးစုတို့၏ ခုခံတော်လှန်မှု ကြီးထွားလာ

ကမ္ဘာပေါ်၌ တည်ငြိမ်မှု မရှိသော ဒေသများအနက် တစ်ခုဖြစ်သည့် ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် ယခုအခါ မငြိမ်မသက်ဖြစ်မှု လှိုင်းသစ်တစ်ခုနှင့် တွေ့ကြုံနေရပြီး ယင်းမတိုင်မီ ထိုဒေသ၌ စစ်တပ်၏ ဖိနှိပ်မှုနှင့် ပါကစ္စတန်အစိုးရ၏ မမျှမတ ဆက်ဆံမှုတို့ ရှိခဲ့သည် ဆိုသောစွပ်စွဲချက်များ ထပ်မံပေါ်ပေါက်ထားခဲ့သည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရသစ် စတင်တာဝန်ယူသည့် အစောဆုံးရက်မှာပင် ဘာလိုချီစတန် အမျိုးသားပါတီ- မန်ဂဲလ် (BNP-M) ၏ ပါတီဝင်များက အမျိုးသားလွှတ်တော်၏ အစည်းအဝေး အစီအစဉ်ကို သပိတ်မှောက်ခဲ့ရာ ယင်းက အစိုးရသစ်အတွက် ကြီးမားသည့် ကသိကအောက်ဖြစ်စရာကိစ္စတစ်ခု ဖြစ်စေခဲ့သည်။

အဆိုပါကာလအတွင်း ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့များက လက်နက်မရှိသည့် အပြစ်မဲ့ ဘာလို့ချ် လူမျိုးစုဝင် ပြည်သူများကို ပစ်ခတ်ခဲ့ရာတွင် ၆ဦး သေဆုံးခဲ့သည်။

ထို့ဖြစ်စဉ် ဖြစ်ပြီး နောက်တစ်နေ့တွင် အဆိုပါ သတ်ဖြတ်ခံရမှုများကို ဆန့်ကျင်ဆန္ဒပြသူများလည်း ထပ်မံ ပစ်ခတ်ခံခဲ့ရပြန်သည်။ ယင်းအချိန်မှစပြီး ဘာလိုချီစတန်တွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

ထို ဒေသတွင် ဆန္ဒထုတ်ဖော်မှုများကို မြင်တွေ့နေရသလို ဘာလို့ချ် ပြည်သူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော လက်နက်ကိုင်အဖွဲ့များ၏ လက်တုံ့ပြန်သည့် လုပ်ရပ်များကိုလည်း တွေ့မြင်နေရသည်။

ဘာလိုချီစတန်၏ ချာဂိုင်း ခရိုင်တွင် ပါကစ္စတန်စစ်တပ်၏ ဥပဒေကို ကျော်လွန် သတ်ဖြတ်မှုဖြစ်စဉ်တစ်ခုနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများက အမျိုးသားလွှတ်တော်အထိ ရိုက်ခတ်ခဲ့သည်။

“နိုင်ငံမှာ လက်ရှိအချိန်မှာ ရနိုင်တဲ့ တန်ဖိုးအသက်သာဆုံး အရာကတော့ ဘာလို့ချ် ပြည်သူတွေရဲ့ သွေးပဲ ဖြစ်ပါတယ်” ဟု BNP-M ပါတီမှ ဆိနိတ်တာတစ်ဦးဖြစ်သော ဟက်ဆန် ဘာလို့ချ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly