ကိုဗစ်မူဝါဒကို ဝေဖန်သော WHO အကြီးအကဲ၏ မှတ်ချက်အပေါ် တရုတ်က ဝေဖန်ပြစ်တင်

ကိုဗစ်မူဝါဒကို ဝေဖန်သော WHO အကြီးအကဲ၏ မှတ်ချက်အပေါ် တရုတ်က ဝေဖန်ပြစ်တင်

ကိုရိုနာဗိုင်းရပ်စ်သည် အမြဲဆင့်ကဲပြောင်းလဲနေသော သဘာဝရှိသောကြောင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ရှည်တည်တံ့လိမ့်မည်မဟုတ်ကြောင်း မှတ်ချက်ပြုသည့် WHO အကြီးအကဲအား တရုတ်က မေ ၁၁ ရက်တွင် ဝေဖန်ပြစ်တင်ခဲ့သည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရုတ်ရဲ့ ကိုဗစ်မူဝါဒကို ဓမ္မဓိဋ္ဌာန်ကျပြီး ကျိုးကြောင်းဆီလျော်တဲ့ အရာအဖြစ် ရှုမြင်ပြီး အချက်အလက်တွေပိုသိလာပြီးတော့ တာဝန်ကင်းမဲ့တဲ့စကားတွေပြောခြင်းက ရှောင်ကြဉ်နိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပုံမှန်ကျင်းပနေကျ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနည်းလမ်းကို ကာကွယ်ပြောဆိုရာတွင် တရုတ်ပြောရေးဆိုခွင့်ရှိသူက “တရုတ်၏ အင်တိုက်အားတိုက်ရှိလှတဲ့  ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဟာ ကူးစက်မှုလုံးဝမရှိအောင် အကောင်အထည်ဖော်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ ဖြစ်နိုင်သမျှ အချိန်တိုအတွင်းမှာ အနည်းဆုံးကုန်ကျစရိတ်နဲ့ ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်အောင် လုပ်တာပါ” ဟု ဆိုသည်။

Zhao က တရုတ်အစိုးရသည် နိုင်ငံ၏ သရုပ်မှန်များအပေါ် အခြေခံ၍ ကိုဗစ်-၁၉ မူဝါဒကို ချမှတ် အကောင်အထည်ဖော်ခဲ့ကာ ပြောင်းလဲနေသော အခြေအနေများအပေါ် မူတည်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ချိန်ညှိထားကြောင်း ကျောင်းလီကျန်းက အလေးထား ပြောကြားသည်။

“ရည်ရွယ်ချက်က ပြည်သူတွေရဲ့ ဘဝနဲ့ကျန်းမာရေးကို အတတ်နိုင်ဆုံး အကာအကွယ်ပေးဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နေရစဉ်တွင် တင်းကျပ်သော ကိုဗစ်စည်းမျဉ်းများက ရှန်ဟိုင်းလူဦးရေ ၂၅ သန်းခန့်ကို အိမ်များတွင် ပိတ်လှောင်မိစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly