တရုတ်၏ကိုဗစ်မူဝါဒကိုဝေဖန်သည့် WHO အကြီးအကဲ၏ မှတ်ချက်များ Weibo နှင့် WeChat ၌ ဆင်ဆာဖြတ်ခံရ

တရုတ်၏ကိုဗစ်မူဝါဒကိုဝေဖန်သည့် WHO အကြီးအကဲ၏ မှတ်ချက်များ Weibo နှင့် WeChat ၌ ဆင်ဆာဖြတ်ခံရ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် အက်ဒရော့စ်အက်ဒ်ဟာနွမ်ဂေဘရေယဲဆွတ်သည် တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ ရေရှည်တည်တံ့မှုအပေါ် မေးခွန်းထုတ်ခဲ့ပြီးနောက် တရုတ်လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် ပစ်မှတ်ထားခံလိုက်ရသည်။

တရုတ်အစိုးရ၏ မူဝါဒများအပေါ် WHO အကြီးအကဲသည်က သဘောမတူကြောင်း ရှားရှားပါးပါး ထုတ်ဖော်ပြောပြီးနောက် Weibo နှင့် WeChat ၌ ၎င်း၏ မှတ်ချက်များမှာ ဆင်ဆာဖြတ်တောက်ခံခဲ့ရသည်။

တက်ဒရော့စ်၏မျက်နှာပါသောဓာတ်ပုံကို တရုတ်မီဒီယာမှ ဖယ်ရှားခဲ့ပြီး #Tedros စာသားများကိုလည်း တားမြစ်ထားသည်။

ဗိုင်းရပ်စ်၏ သဘောသဘာဝသည် အမြဲတမ်းဆင့်ကဲပြောင်းလဲနေသောကြောင့် ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒသည် ရေရှည်အဆင်ပြေလိမ့်မည်မဟုတ်ကြောင်း တက်ဒရော့စ်က မေလ ၁၀ ရက်တွင် မှတ်ချက်ပြုပြီးနောက် ဤသို့ ဆင်ဆာဖြတ်တောက်ခံရခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုကို ရင်ဆိုင်နေရစဉ်တွင် နိုင်ငံ၏ တင်းကျပ်လွန်းသော အစီအမံများက ရှန်ဟိုင်းမြို့ခံလူဦးရေ ၂၅ သန်းကို ပိတ်မိနေစေခဲ့သည်။

ရှန်ဟိုင်းတွင် အသွားအလာပိတ်ဆို့မှုက ပြည်သူများနာကြည်းမှုနှင့် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required