အမေရိကန် ၁ ဒေါ်လာလျှင် တရုတ် ယွမ် ၆.၇၂၉၀ အထိ ကျဆင်း

အမေရိကန် ၁ ဒေါ်လာလျှင် တရုတ် ယွမ် ၆.၇၂၉၀ အထိ ကျဆင်း

တရုတ်နိုင်ငံခြားငွေကုန်သွယ်မှုဘဏ်အချက်အလက်များအရ တရုတ်ငွေကြေး ရင်မင်ဘီ သို့မဟုတ် ယွမ်ငွေ၏ လက်ရှိပေါက်ဈေးသည် မေ ၁၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာလျှင် ယွမ် ၆.၇၂၉၀ အထိကျဆင်းခဲ့ကာ ၁၅၆ pips လျော့နည်းသွားခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကွက်တွင် ယွမ်ငွေသည် နေ့စဉ် ပေါက်ဈေးနှုန်းမှာ ၂ ရာခိုင်နှုန်း အတက်အကျရှိသည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဒေါ်လာနှင့်ယွမ် လဲလှယ်နှုန်း ပေါက်ဈေးသည် တစ်နေ့တာ ဘဏ်ငွေကြေးဈေးကွက်မဖွင့်မီ ဈေးကွက်သမားများ က သတ်မှတ်လိုက်သော ပျမ်းမျှတန်ဖိုးပေါ်အခြေခံသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ဖြစ်သော နှောင့်နှေးမှုများအကြားတွင် တရုတ်စီးပွားရေးသည် အလုပ်အကိုင် ဈေးကွက်ကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုဦးရေ များပြားလာခြင်း စသည့် စိန်ခေါ်မှု ၂ ရပ်ကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံ ရန်မင်တက္ကသိုလ်မှ အလုပ်ခန့်အပ်မှုဆိုင်ရာသုတေသနအင်စတီကျု (CIER) နှင့် အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက် Zhaopin တို့မှ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံရှိ တက္ကသိုလ်ဘွဲ့ရတစ်ဦးအတွက် အလုပ်အကိုင်ရရှိနိုင်မှုအရေအတွက်သည် ၂၀၂၁ ခုနှစ် စတုတ္ထ ၃လပတ်တွင် ၀ ဒသမ ၈၈ သို့ ကျဆင်းသွားကြောင်း The Hong Kong Post ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အလုပ်အကိုင်အရေအတွက်သည် ၂၀၁၉ ခုနှစ်က ၁၂ ဒသမ ၇၉ ရှိရာမှ ၂၀၂၀ တွင် ၁၂ ဒဿမ ၀၇ သို့ ကျဆင်းသွားခဲ့သည်။ နိုင်ငံ့စာရင်းအင်းဗျူရို (NBS) အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် မြို့ပြဒေသများ၌ အလုပ်လက်မဲ့နှုန်းသည် အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြားအသက်အရွယ်အတွက် ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly