အိန္ဒိယ၊ ဥရောပနှင့် အမေရိကန်တို့မှ အရည် အသွေးကောင်း သော ကာကွယ်ရေး ပစ္စည်းများ ဘင်္ဂလားဒေ့ရှ် ရယူရန် ကြိုးပမ်းနေသည့်အတွက် တရုတ် စိုးရိမ်နေ

အိန္ဒိယ၊ ဥရောပနှင့် အမေရိကန်တို့မှ အရည် အသွေးကောင်း သော ကာကွယ်ရေး ပစ္စည်းများ ဘင်္ဂလားဒေ့ရှ် ရယူရန် ကြိုးပမ်းနေသည့်အတွက် တရုတ် စိုးရိမ်နေ

ဘင်္ဂလားဒေ့ရှ်က အိန္ဒိယ၊ ဥရောပနှင့် အမေရိကန်တို့မှ အရည် အသွေးကောင်း သော ကာကွယ်ရေး ပစ္စည်းများ ကို ရယူရန် ကြိုးပမ်းနေသည့်အတွက် ဘင်္ဂလားဒေ့ရှ်၏ အကြီးမားဆုံး ကာကွယ်ရေးပစ္စည်း တင်သွင်းသူဖြစ် သည့် တရုတ်က စိုးရိမ်နေသည်။

ဘင်္ဂလားဒေ့ရှ်လက်နက်စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းကို တရုတ်က တင်ပို့နေပြီး ကိုဗစ်-၁၉ ကူးစက်မှုပြန်လည် မြင့်မားလာခြင်းက ဘင်္ဂလားဒေ့ရှ်သို့ တရုတ်ကာကွယ်ရေးပစ္စည်းတင်ပို့မှုကို ထိခိုက်စေခဲ့ကြောင်း Bangladesh Live News တွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရေတပ်က ကော်ဗက်တီသင်္ဘောများ၊ ကင်းလှည့်သင်္ဘောများနှင့် ကုန်းတွင်း ကင်းလှည့်သင်္ဘော များအတွက် အပိုပစ္စည်းများ ပံ့ပိုးပေးနေသည့် တရုတ်ကုမ္ပဏီများ၏ ထုတ်လုပ်မှု ချွတ်ယွင်းမှုနှင့် နည်းပညာပိုင်း ဆိုင်ရာ ပြဿနာများကို တိုင်ကြားခဲ့သည်။

အဆိုပါရေတပ်သင်္ဘောများကို ၂၀၁၁ခုနှစ်တွင် ချုပ်ဆိုခဲ့သော တရုတ်-ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးစာချုပ်အရ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် Live Newsတွင် ဖော်ပြခဲ့သည်။

ဥရောပနှင့် အမေရိကန် ကာကွယ်ရေးကုမ္ပဏီများမှ ဝယ်ယူသည့် ကာကွယ်ရေးပစ္စည်းဈေးနှုန်းများ ကျဆင်း နေသော်လည်း China Vanguard Industry Co Limited ထုတ် ကာကွယ်ရေးပစ္စည်းများ ဈေးနှုန်းမြင့်တက် လာကြောင်း ဘင်္ဂလားဒေ့ရှ် ရေတပ်ကလည်း မီးမောင်းထိုးပြခဲ့သည်ဟု Bangladesh Live News က ဖော်ပြထားသည်။

တရုတ်က အဆိုပါ အခြေအနေများအတွက် ပူပန်နေပြီး ဈေးနှုန်းမြင့်တက်ခြင်းနှင့် အရည်အသွေးနိမ့်သော ကာကွယ်ရေး ပစ္စည်းများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဆိုင်ရာ စိုးရိမ်မှုများကို လျော့နည်းစေရန် တရုတ်က ကြိုးပမ်းနေကြောင်း Bangladesh Live News က ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၄ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ယင်း၏ လက်နက် ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်ထံမှ ဝယ်ယူခဲ့သော်ကြောင့် ထောက်ပံ့ရေးအရည်အသွေးနှင့် ဈေးနှုန်းကို ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးတပ်ဖွဲ့က မကျေနပ်မှုအပေါ် တရုတ်က စိုးရိမ်နေခဲ့သည်။

အိန္ဒိယမှ ကာကွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများကို ဒေါ်လာ သန်း ၅၀ဝ ဖိုး အကြွေးဖြင့် ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်က အဆိုပြုထားသည့်အတွက် တရုတ်က စိုးရိမ်ပူပန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required