အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင်ကို တင်မြှောက်

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင်ကို တင်မြှောက်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကို ဖေဖော်ဝါရီ ၃ရက်တွင် စတင်ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ)

နေပြည်တော်၊ ဖေဖဝါရီ ၃ ။              ။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖဝါရီလ ၃ ရက်တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ်  ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးအေးသာအောင်ကို  ရွေးကောက်တင်မြှောက်ခဲ့သည်။

ကရင်းတိုင်းသားဖြစ်သည့် ဦးမန်းဝင်းခိုင်သန်းက ၎င်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ယုံကြည်စွာဖြင့် တာဝန်ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံကိုချမ်းသားပြီး ဖွံ့ဖြိုးတိုးတက် သည့် ဖက်ထရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြီးမားသည့် အခွင့်အရေးတရပ်ရရှိနေပြီး ယင်းအတွက် ဥပဒေများပြဌာန်းရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

"ကျွန်တေ်ာတို့ရဲ့ နိုင်ငံကို ချမ်းသားပြီး ဖွံ့ဖြိုးတိုက်တက်တဲ့  ဖက်ထရယ်ပြည်ထောင်စု တည် ဆောက်ရာမှာ  ငြိမ်းချမ်းရေးရရှိဖို့၊ တရားဥပဒေစိုမိုးရေးရရှိဖို့၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲလိုအပ် ပါတယ်။ အဲ့ဒီအတွက် ငြိမ်း ချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေမယ့်  တရားဥပဒေတွေ လိုအပ်မှာ ဖြစ်ပါတယ် “ ဟု ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်တွင်
 ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်သည် ဥပဒေပြုရေးအာဏာကို ရရှိထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့်ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတွက် လိုအပ်သည့် ဥပဒေများပြဌာန်းနှင့် မလိုအပ်သည့်  ဥပဒေများကို ပြင်ဆင်ပယ်ဖျက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိရာ ယနေ့ (ဖေဖော်ဝါရီ ၃ရက်) လွှတ်တော်သို့  အမတ် ၂၂၃ ဦး တက်ရောက်ခဲ့ကြောင်းသိရပြီး ဥက္ကဋ္ဌများရွေးချယ်မှု မပြုမှီ အစည်းအဝေးကို ကြီးကြပ်နိုင်ရန် သဘာပတိအဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ   ပူးဇုန်လျယ်တန်းဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly