ပါကစ္စတန်နှင့် တရုတ်အကြား မြေယာလျှို့ဝှက်သဘောတူညီချက်များအပေါ် ဂေးလ်ဂစ်ဘောလ်တစ္စတန်တွင် ဆန္ဒပြမှုများ ဖြစ်ပွား

ပါကစ္စတန်နှင့် တရုတ်အကြား မြေယာလျှို့ဝှက်သဘောတူညီချက်များအပေါ် ဂေးလ်ဂစ်ဘောလ်တစ္စတန်တွင် ဆန္ဒပြမှုများ ဖြစ်ပွား

ပါကစ္စတန်သည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်လာသော ကြွေးမြီများကို လျှော့ချရန် အထက်ဟွန်ဇာချိုင့်ဝှမ်းဒေသကို တရုတ်သို့ တိတ်တဆိတ် အငှားချထားသည်။

သတ္တုသယံဇာတ ပေါများသော ဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသကို တရုတ်ကို သတ္တု တူးဖော် ခွင့်ပြုလိုက်သော အရွေ့က ဒေသခံလူထု၏ ဆန္ဒပြမှုများနှင့်အကြမ်းဖက်မှုကို ထပ်မံပေါ်ပေါက်လာစေသည်။

ဒေသခံစစ်တပ်နှင့်ပါကစ္စတန်စစ်တပ်အကြား ခိုက်ရန်ဖြစ်ပွားမှုသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သိသိသာသာ များပြားလာခဲ့ပြီး ဒေသခံများက ဆကာဒူးမြို့တွင် အရာရှိများနှင့်၎င်းတို့ ယာဉ်များကို ကျောက်တုံး ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

တရုတ်၏ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံဟူသော အမည်အောက်တွင် စစ်တပ်က မြေယာသိမ်းပိုက်နေခြင်းကို ဒေသခံပြည်သူများက စိတ်ဆိုးဒေါသထွက်နေကြခြင်းဖြစ်သည်။

ပါကစ္စတန်သည် CPEC နှင့် လုံခြုံရေး အကြောင်းပြချက်များဖြင့် ဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသတစ်ခုလုံးကို တရုတ်သို့ နှစ်၅၀ ခန့် အငှားချထားသည်ဟု ဒေသခံများက ယုံကြည်ထားကြသည်။

ဒေသအတွင်းတွင် CPEC စီမံကိန်းအတွက် အလုပ်လုပ်နေသော တရုတ်လူမျိုး ထောင်ပေါင်းများစွာရှိသည်။ ၎င်းတို့နှင့်အတူ တရုတ်သူလျှိုများနှင့် စစ်သားများက ဒေသခံများကို မျက်ခြည်မပြတ်စောင့်ကြည့်နေသလို တရုတ်ကုမ္ပဏီများကိုလည်း လုံခြုံရေးယူပေးထားသည်။

CPEC စီမံကိန်းများအပြင် ရာပေါင်းများစွာသော တရုတ်ကုမ္ပဏီများသည် ပါကစ္စတန် စစ်တပ်နှင့် ချိတ်ဆက်ထားသော ကန်ထရိုက်တာများနှင့်အတူ ဒေသတွင်း သတ္တုတွင်းအငှားအားလုံးနီးပါးကို မတရားသိမ်းပိုက်ထားသည်။

တရုတ်-ပါကစ္စတန်စစ်တပ်က ဒေသကိုသိမ်းပိုက်မှုအပေါ် ဆန့်ကျင်သော လူထုဆန္ဒပြပွဲများကို ရက်စက်သော စစ်တပ်အင်အားဖြင့် နှိမ်နင်းနေသည်မှာ ကြာပြီဖြစ်သည်။ လမ်းမထက်ထိ တိုက်ပွဲငယ်များ ထွက်ပေါ်လာပြီး ပြည်သူများက လက်နက်ကိုင်စစ်သားများကို ဗြောင်ကျကျ စိန်ခေါ်နေကြသောကြောင့် ဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသသည် ပါကစ္စတန်ခေါင်းဆောင်များအတွက် ပဋိပက္ခဖြစ်ရာ နောက်ထပ်ပစ်မှတ် ဖြစ်လာဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required