တရုတ်က ချေးငွေဖြင့် အာဖရိကနိုင်ငံများကို စစ်ပုံသွင်းရန် ကူညီနေ

တရုတ်က ချေးငွေဖြင့် အာဖရိကနိုင်ငံများကို စစ်ပုံသွင်းရန် ကူညီနေ

ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရသော အာဖရိကရှိ တရုတ်ချေးငွေများကို လက်ခံနိုင်ငံများက အခြေခံအဆောက်အအုံအတွက် အသုံးပြုရုံသာမက စစ်ပုံသွင်းရန်လည်း အသုံးပြုနေကြပြီး တရုတ်မှ ကာကွယ်ရေးကုမ္ပဏီများသည် အဓိကထောက်ပို့ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။

ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံအသီးသီးသို့ ချေးငွေအစုပေါင်း ၁၁၈၈ ခု တိုးမြှင့်ချေးခဲ့ကာ အမေရိကန်ဒေါ်လာ ၁၅၉ ဒသမ ၉ ဘီလီယံရှိကြောင်း ဘော့စတွန်တက္ကသိုလ် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမူဝါဒစင်တာမှ ပြုစုထားသော အချက်အလက်များအရ သိရသည်။

ချေးငွေများအနက် အများစုမှာ တခြားနေရာများရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုပုံစံအတိုင်း သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများအတွက် ဖြစ်သည်။

သို့သော် ချေးငွေများအနက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယန်တန်ဖိုးရှိ ချေးငွေ ၂၇ ခုကို ကာကွယ်ရေးနှင့်ဆက်စပ်သော စီမံကိန်းများအတွက် ပေးခဲ့သည်။ ၎င်းတို့အနက် ဇမ်ဘီယာတစ်နိုင်ငံတည်းကို ချေးငွေ ၁၃ ခုပေးခဲ့ပြီး ကာကွယ်ရေးပစ္စည်းဝယ်ယူမှုအတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံတန်ဖိုး ရှိသည်။

ဂါနာ၊ ကင်မရွန်း၊ တန်ဇန်းနီးယား၊ ဇင်ဘာဘွေ၊ ဆူဒန်၊ ဆီယာရာလီယွန်နှင့် နမီးဘီးယားတို့သည်လည်း တရုတ်ကာကွယ်ရေးဆိုင်ရာ ချေးငွေများကို လက်ခံရယူသည့်နိုင်ငံများဖြစ်သည်။

ဇမ်ဘီယာအတွက် ချေးငွေများကို ၂၀၀၆ မှ ၂၀၁၉ အတွင်း ၎င်းတို့လေတပ်အတွက် အဓိကအားဖြင့် တရုတ်လေယာဉ်များ ဝယ်ယူရန် အသုံးပြုခဲ့ကာ အမျိုးအစားအမျိုးမျိုးရှိ စစ်လေယာဉ်စုစုပေါင်း ၂၈ စင်း မှာယူခဲ့သည်။

ကာကွယ်ရေးဆိုင်ရာချေးငွေများကို သီးသန့်အားဖြင့် တရုတ်စစ်လက်နက်များနှင့် ဆက်စပ်စနစ်များဝယ်ရန် အသုံးပြုကြသည်။ နိုင်ငံတစ်နိုင်ငံသည် တရုတ်စစ်ပစ္စည်းများဝယ်ရန် တရုတ်ထံမှ ချေးငွေယူသဖြင့် မှီခိုမှုဖြစ်စေပြီး ချေးငွေယူသည့်နိုင်ငံသည် ပြုပြင်ထိန်းသိမ်းစရိတ်၊ အပိုပစ္စည်းနှင့် လက်နက်ခဲယမ်းအတွက်လည်း တရုတ်ကို ထပ်မံ အားထားရမည်ဖြစ်သောကြောင့် မှီခိုမှုသံသရာကို ဖြစ်ပေါ်စေသည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မယ်ပက်စ်က တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ချေးငှားရာတွင် အထူးသဖြင့် ထောက်ပံ့လိုက်သည့် ချေးငွေနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း မကြာသေးမီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required