တရုတ်၏ စီးပွားရေး တိုးတက်မှုက ဟိမဝန္တာဒေသတွင် စစ်ရေးအရ ရန်လိုမှုကို ဖြစ်ပေါ်လာစေ

တရုတ်၏ စီးပွားရေး တိုးတက်မှုက ဟိမဝန္တာဒေသတွင် စစ်ရေးအရ ရန်လိုမှုကို ဖြစ်ပေါ်လာစေ

တရုတ်၏ စီးပွားရေးတိုးတက်မှု ဇာတ်လမ်းသည် ပြိုင်ဘက်ကင်းသော်လည်း စစ်ရေးအရ ရန်လိုမှုကို ဦးတည်သွားစေပြီး တရုတ်၏ အာဏာပြမှုကို ဟိမဝန္တာဒေသတွင် အများဆုံးတွေ့ရှိထားရသည်။

တရုတ်၏ လက်ရှိ လားရာသည် ယင်း၏ နယ်နိမိတ် ကျော်လွန်သော နိုင်ငံများနှင့် တိုက်ရိုက်ပဋိပက္ခဖြစ်နေ ကြောင်း ခရစ်ဘလတ်ဘန်းက Global Order တွင် ရေးသားခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်က ဘက်ပေါင်းစုံတွင် အာဏာပြခဲ့သော်လည်း ကိုဗစ်က ယင်းအနေ အထားကို အတိုင်းအတာတစ်ခုအထိ နှေးကွေးသွားခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ဟိမဝန္တာတောင်တန်းရှိ အငြင်းပွားမြေပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး ယင်းတို့သည် တွင်းများ၊ အမည်ခံရွာများကို ရိုးရှင်းစွာတည်ဆောက်နေခြင်းမဟုတ်ပေ။

မြို့သစ်များနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအတွက် အဆင့်မြင့် အခြေခံအဆောက်အအုံများ တည် ဆောက်ပေးလျက်ရှိပြီး ယင်းတို့မှာ အီလက်ထရွန်းနစ်စစ်ဆင်ရေးစခန်းများ၊ ကင်းစခန်းများ၊ ရေဒါများနှင့် ဗုံးခိုကျင်းများ ဖြစ်သည်ဟု ဘလက်ဘန်းက ပြောကြားခဲ့သည်။

အပျက်သဘောဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ သတင်းခေါင်းစဉ်များဖြစ်လာမည့် တရုတ်၏ သွေးထွက်သံယို ကျူးကျာ်မှုများအစား တရုတ်သည် အငြင်းပွားမြေပေါ်တွင် ကျူးကျော်နေထိုင်ကာ အုတ်မြစ်ချရန်နှင့် တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ထမ်းများကို စေလွှတ်ခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် အိန္ဒိယကို တိုက်ရိုက် စိန်ခေါ်နေခြင်းဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က မကြာသေးမီက အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်နက် ဆင်းဂ်အား "တရုတ်က အိန္ဒိယ နယ်စပ်တွင် နှစ်သွယ်သုံး အခြေခံအဆောက်အအုံများတည်ဆောက်ပြီး အင်ဒို-ပစိဖိတ်ဒေသတွင် လုံခြုံရေးခ ျိုးဖောက်မှုများ ပြုလုပ်နေကြောင်း၊ အမေရိကန်အနေနဖြင့် အိန္ဒိယ၏ အချုပ်အခြာအာဏာကို ကာကွယ်ရေး အတွက် အတူရပ်တည် သွားမည်" ဟု ပြောကြားခဲ့သည်။

တရုတ်တို့၏ လုယူမှုသည် အသစ်အဆန်းမဟုတ်ပေ။ ၎င်းတို့သည် မြေယာများကို ခိုးယူကာ၊ ယင်းတို့နှင့် မသက်ဆိုင်သော ရေပိုင်နက်အတွင်း ကိုယ်ပိုင်ကျွန်းတုများကို ဖန်တီးခဲ့ကြသည်။

စပါတလေကျွန်းများနှင့် ပါရာဆယ်လ်ကျွန်းများကို ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့က တောင်းဆိုထားသော်လည်း တောင်တရုတ်ပင်လယ်တွင် တရုတ်က ယင်းကျွန်းများကို အတင်းအကျပ် သိမ်းပိုက်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly