ပါကစ္စတန် ဂွါဒါမြို့တွင် တရုတ်-ပါကစ္စတန် စီးပွား ရေးစင်္ကြံ စီမံကိန်း ၃ ခုသာ ပြီးမြောက်သေး

ပါကစ္စတန် ဂွါဒါမြို့တွင် တရုတ်-ပါကစ္စတန် စီးပွား ရေးစင်္ကြံ စီမံကိန်း ၃ ခုသာ ပြီးမြောက်သေး

ပါကစ္စတန်၊ တောင်ဘလူချီစတန်ပြည်နယ်၊ ဂွါဒါမြို့တွင် လွန်ခဲ့သည့် ၇ နှစ်အတွင်း တရုတ်-ပါကစ္စတန် စီးပွား ရေးစင်္ကြံ(CPEC) စီမံကိန်း ၃ ခုသာ ပြီးစီးခဲ့သော်လည်း ရေပေးဝေရေးနှင့် လျှပ်စစ်မီး အပါအဝင် ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ဖိုးရှိသော စီမံကိန်း တစ်ဒါဇင်ခန့်မှာ မပြီးပြတ်သေးပေ။

အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံတန်ဖိုးရှိ ကြီးမားသော ပိုးလမ်းမသစ်စီမံကိန်း(BRI) ၏ တစ်စိတ် တစ်ပိုင်းဖြစ်သော CPEC ကို ၂၀၁၅ခုနှစ်တွင် စတင်ခဲ့သည်။

ဂွါဒါဆိပ်ကမ်းမြို့ လွှမ်းခြုံစီမံချက်၊ ဂွါဒါဆိပ်ကမ်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ကင်းလွတ်ဇုန် ပထမအဆင့်-၁ နှင့် ပါကစ္စတန်-တရုတ် နည်းပညာနှင့် လေ့ကျင့်ရေးကျောင်းဟူသည့် စီမံကိန်း ၃ ခုသာ ယခုအချိန်ထိ CPEC အာဏာပိုင်အဖွဲ့က ပြီးစည်းသေးကြောင်း The Express Tribune က ဖော်ပြခဲ့သည်။

စမတ်ဆိပ်ကမ်းလွှမ်းခြုံစီမံချက်သည် အမေရိကန်ဒေါ်လာ ၄ သန်း ကုန်ကျမည်ဖြစ်ပြီး၊ ဂွါဒါဆိပ်ကမ်း၏ ရုပ်ပိုင်း ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ကင်းလွတ်ဇုန် ပထမအဆင့်-၁ သည်အမေရိကန်ဒေါ်လာ သန်း ၃၀ဝ တန်ဖိုးရှိပြီး ပါကစ္စတန်-တရုတ် နည်းပညာနှင့် လေ့ကျင့်ရေးကျောင်းကို တရုတ်ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် တည်ဆောက်ထားကြောင်း APEC အာဏာပိုင်မှ ပေးပို့သောအစီရင်ခံစာတွင် ဖော်ပြထားသည်။

စီမံကိန်းဝန်ကြီး အက်ဆန်အစ်ဘယ်က ဖျက်သိမ်းလိုသည့် CPEC အာဏာပိုင်အဖွဲ့သည် ဧပြီလတွင် အစိုးရ သစ်ထံ နောက်ဆုံးအခြေအနေတင်ပြသည့် အစီရင်ခံစာကို ပေးပို့ခဲ့သည်။

ယခင် Pakistan Tehreek-e-Insaf (PTI) အစိုးရလက်ထက်တွင် CPEC များစွာ တိုးတက်မှုမရှိခဲ့သော် လည်း မကြာသေးမီက ရွေးကောက်ပွဲအနိုင်ရသည့် အစိုးရက ခါလစ်မွန်ဆိုးကို CPEC အတွက် ဝန်ကြီးချုပ်၏ အထူးလက်ထောက်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် တိုးတက်မှုအချို့ရှိလာခဲ့သည်။

သို့သော် ၎င်းအနေဖြင့် ယင်းအစီအစဉ်များကို အကောင်းဆုံး မလုပ်နိုင်ကြောင်း The Express Tribune က ဖော်ပြခဲ့ သည်။

ကင်းလွတ်ဇုန်နှင့် ဆိပ်ကမ်းမြို့ကို ချိတ်ဆက်ပေးသည့် Eastbay Expressway စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁၇၉ သန်း ကုန်ကျမည်ဖြစ်ပြီး စာရွက်ပေါ်တွင် စီမံကိန်း ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သော်လည်း လက်တွေ့တွင် အကောင်အထည်ဖော်နေဆဲဖြစ်သည်။

အဆိုပါ အစီအစဉ်အတွက် တရုတ်က အတိုးမဲ့ ချေးငွေများ ပေးအပ်ခဲ့သည်။ စီမံကိန်းကို ဇွန်လတွင် အပြီးသတ်နိုင်မည်ဟု CPEC အာဏာပိုင်များက မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly