နီပေါတွင် တရုတ်နိုင်ငံသားများ၏ တရားမဝင် လှုပ်ရှားမှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်နေ

နီပေါတွင် တရုတ်နိုင်ငံသားများ၏ တရားမဝင် လှုပ်ရှားမှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်နေ

နီပေါသည် တရုတ်ရာဇဝတ်ကောင်များအတွက် ဝင်ပေါက်ဖြစ်လာပြီး ဟိမဝန္တာနိုင်ငံဖြစ်သော နီပေါတွင် တရုတ် နိုင်ငံသားများ တရားမဝင် လှုပ်ရှားမှု များများပြားလာနေသည့်အတွက် စိုးရိမ်ပူပန်မှု မြင့်တက်လျက်ရှိသည်။

ခတ္တမန္ဒမြို့၊ မာဟာရာဂျန်ဒေသရှိ အိမ်တစ်အိမ်အား လူဝင်မှုကြီးကြပ်ရေးနှင့် နီပေါရဲဌာနမှ ပူးပေါင်းအဖွဲ့မှ ဧပြီ ၂၂ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Annapurna Express (ApEx) က ဖော်ပြခဲ့သည်။

ထူးဆန်းသည်မှာ နီပေါ၏ အဓိက သတင်းစာကြီးများက ထိုအချိန်က ယင်းသတင်းကို လျစ်လျူရှုခဲ့ပြီး အဖြစ် အပျက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ယနေ့တိုင် ဖုံးကွယ်ထားဆဲဖြစ်သည်။

ယင်းအိမ်အတွင်း မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများအကြောင်း အာဏာပိုင်များက သတင်းရပြီးနောက် သံသယရှိ သူများအား ကိုယ်ရေးကွန်ပျူတာ ၃၅ လုံး၊ မိုဘိုင်းလ်ဖုန်း ၆၇၅ လုံးနှင့် နီပေါတယ်လီကွန်းနှင့် NCell မှထုတ်ပေးသော ဆင်းမ်ကတ် ၇၆၀ တို့ကို ဖမ်းမိခဲ့ကြောင်း ApEx က ဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့တစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သံသယရှိနေကြသည်။

သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် နီပေါရဲများက ၎င်းတို့၏ သံသယကို အတည်ပြုရန် မှန်ကန်သော နည်းပညာ နှင့် လူအင်အားမရှိကြောင်း ApEx က ဖော်ပြခဲ့သည်။

သံသယရှိသူများကို စွဲချက်တင်ရန် ခိုင်လုံသည့် အကြောင်းပြချက်မရှိခဲ့ဘဲ စုံစမ်းစစ်ဆေးမှုတွင် အာဏာပိုင်များ ကို ကူညီပေးသဖြင့် ၂၂ ယောက်စလုံးကို ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်သည်။

နီပေါမှ ထွက်ခွာခြင်းမပြုရန် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို လူဝင်မှုကြီးကြပ်ရေးဌာနက သိမ်းဆည်း ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly