မြန်အောင်မြို့ စည်ပင်ရုံးနှင့် မြို့မရဲစခန်းတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မြန်အောင်မြို့ စည်ပင်ရုံးနှင့် မြို့မရဲစခန်းတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မေ ၁၃

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ရှိ စည်ပင်ရုံးဝင်းနှင့် မြို့မရဲစခန်းရှေ့တို့တွင် မေလ ၁၃ ရက်နေ့ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ် ခန့်တွင် စည်ပင်ရုံးဝင်းအတွင်းရှိ ကားဂိုထောင်တွင် ဗုံးပေါက်ကွဲခဲ့ပြီး နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် မြို့မရဲစခန်းရှေ့တွင်ရှိသည့် ထရန်စဖော်မာနေရာ၌ ထပ်မံ၍ ဗုံးပေါက် ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလိုမျိုး စစ်ကောင်စီလက်အောက်ခံတွေရှိတဲ့နေရာတွေကို တန်ပြန်ခြိမ်းခြောက် ဖောက်ခွဲနိုင်တာ အင်မတန်ကောင်းပါတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ မြန်အောင်က နီပိတ်တွေကို ငါတို့ဖိထားတယ်။ မကြွရဲဘူးဆိုပြီး ပြောတယ်။ နောက်ပြီး ဒီလိုမျိုးတွေ များများလုပ်နိုင်အောင် မြန်အောင်ဒေသခံတွေက PDF တွေကို ကူညီသင့်တယ်။ ဒီမနက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိဘူးလို့ သိရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး လက်နက်အင်အား အများအပြားဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့ Red Dragon Revolution Force အနေဖြင့် ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်မှာ မြန်အောင်မြို့နယ်၊စည်ပင်ရုံးဝင်းးအတွင်းရှိ ကားဂိုဒေါင်နှင့် ၅ နာရီ ၅၀ မိနစ်မှာ မြို့မရဲစခန်းရှေ့ရှိ ထရန်စဖော်မာတို့အား အောင်မြင်စွာဖောက်ခွဲ ဖျက်ဆီး တိုက်ခိုက် ခဲ့ပါသည်"ဟု ယနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ Red Dragon Revolution Force လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

#Mizzima

#ဧရာဝတီတိုင်း

#မြန်အောင်မြို့

#စည်ပင်ရုံးဝင်း

#မြို့မရဲစခန်းရှေ့

#ဗုံးပေါက်ကွဲမှု

#RedDragonRevolutionForce

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly