ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားအား ဖမ်းဆီးရမိပြီးနောက် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရာတွင် သေဆုံး

By မေဘယ်လ်သူ
13 May 2022
ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားအား ဖမ်းဆီးရမိပြီးနောက် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရာတွင် သေဆုံး

မေ ၁၃

တောင်ကြီးမြို့ Royal Taunggyi Hotel တွင် ဖွင့်လှစ်ထားသည့် Play House Club အနီး ကင်းလှည့်နေ သော စစ်ကောင်စီတပ်သားအား ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးမှုပြုလုပ်ရန်ပြင်ဆင်နေစဉ် ပြန်လည်ခုခံ ပြီး ထွက်ပြေးရန်ကြိုးပမ်းသောကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

Play House Club အား ပိတ်ရန်သတိပေးထားပြီး အသိပေးမှုကိုလျစ်လျူရှုပါက ပစ်ခတ်ဖောက်ခွဲမှုများ ပြုလုပ်သွားမည်ဟု Shan Youth's Federal Democratic Army (SYFDA Rangers)မှ မေလ ၁၀ ရက်နေ့ က သတိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်အပေါ်တွင် မည်သည့်တုံ့ပြန်မှုမှမပေးသဖြင့် အနီးကပ်စောင့်ကြည့်ခဲ့ရာ Club သို့ အဝင်အထွက်များရှိနေသည့်အတွက် ဖောက်ခွဲရန်ပြင်ဆင်ခဲ့သည်ဟု သိရသည်။

“ Club ဖွင့် မဖွင့်ဆိုတာ အထဲထိဝင်မကြည့်နိုင်တော့ တနေရာက စောင့်ကြည့်နေတုန်း အဝင်အထွက် လုပ် နေတာတွေ့လို့ ဖောက်ခွဲပစ်ခတ်မှုလုပ်ဖို့ ပြင်ဆင်လိုက်တယ်။ ပြင်ဆင်နေတုန်း နယ်မြေအနေအထားကို လေ့လာတဲ့အခါမှာ ကျနော်တို့ကိုစောင့်ဖမ်းမယ့် စကစကကောင်တွေက ကြိုတင်နေရာယူထားတာတွေ့ ရတယ်။ ဒါနဲ့ အစီအစဥ်ပြောင်းပြီး ဒီကောင်တွေအလစ်ကို ဝင်တိုက်မယ်လုပ်တော့ စကစတစ်ကောင်က လက်နက်မပါဘဲ ကျနော်တို့ zone နားကို အပေါ့လာသွားတာနဲ့ ဖမ်းပြီး ကျနော်တို့နယ်မြေထဲကို ခေါ်လာ ခဲ့တယ်" ဟု SYFDA Rangers မှ တာဝန်ရှိသူကပြောသည်။

ဖမ်းဆီးခံရသူအား ကောင်းမွန်စွာထိမ်းသိမ်းထားပြီး စစ်ဆေးမှုပြုလုပ်ရန် SYFDA Rangers မှ ရဲဘော် သုံးဦးကဆက်လက်လုပ်ဆောင်ခဲ့ရာတွင် ဖမ်းဆီးခံရသောစကစတပ်သားမှ လက်နက်လုပြီး ပစ်ခတ်ထွက် ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ စကစတပ်သား နေရာတွင် ပွဲခြင်းပြီးသေဆုံးသွားခဲ့သည်ဟု သိရသည်။

“ အဲ့ဒီဖြစ်စဉ်မှာ စကစတပ်သားနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရင်း ကျည်ထွက်သွားလို့ ကျွန်တော်တို့ ရဲဘော် တစ်ဦး ပေါင်မှာကျည်ရှပ်ထိသွားတယ်။ စိုးရိမ်ရတဲ့ဒဏ်ရာဖြစ်လို့ ဆေးတပ်သားတွေက စောင့်ရှောက်မှု ပေးပြီး အနားယူခိုင်းထားပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး Play House Club အား ပိတ်ထားရန် ဒုတိယအကြိမ်ထပ်မံသတိပေးလိုပြီး သတိပေးချက်ကိုလျစ်လျူရှုပါက Club ပိုင်ရှင်အနေဖြင့် ဆုံးရှုံးမှုများစွာရရှိစေမည်ဖြစ်ပြီး Dj players များ ကိုလည်း SYFDA Rangers အဖွဲ့မှ အမည်ပျက်စာရင်းသွင်း၍ တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု သိရ သည်။

#Mizzima

#တောင်ကြီးမြို့

#SYFDA_Rangers

#Play_House_Club

#စစ်ကောင်စီတပ်သား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly