အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ပိတ်ပင်ထားသော်လည်း မူးယစ်ဆေးလုပ်ငန်း ဆက်လက်ဖြစ်ထွန်းနေ

By The Print
12 May 2022
အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ပိတ်ပင်ထားသော်လည်း မူးယစ်ဆေးလုပ်ငန်း ဆက်လက်ဖြစ်ထွန်းနေ

အာဖဂန်နစ္စတန်နိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုအပေါ် ပိတ်ပင်ကြောင်း တာလီဘန်တို့က လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ကြေညာထားခဲ့သည်ဆိုသော်လည်း ယင်းနိုင်ငံ၏ အလျင်အမြန် ကြီးထွားနေသော မူးယစ်ဆေးလုပ်ငန်းက သဲကန္တာရအရပ် အခြေစိုက်စခန်းများမှ ပေါ်ပေါ်ထင်ထင် လည်ပတ်နေကြောင်း The Washington Post မီဒီယာ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်သည် ဘိန်းထုတ်လုပ်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်နေရာတစ်ခု ဖြစ်ခဲ့ပြီး ခန့်မှန်းခြေ အားဖြင့် ကမ္ဘာတဝန်း ဘိန်းပါသော ဆေးဝါး အသုံးပြုသူများ၏ ၈၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းထောက်ပံ့ ပေးနေခဲ့သည်ဟု သိရသည်။

အာဖဂန်နစ္စတန်၏ မက်သာဖက်တမင်း ထုတ်လုပ်မှု လုပ်ငန်းသည် စံချိန်တင် နှုန်းထားဖြင့် ကြီးထွားလျက် ရှိရာတွင် လက်ရှိ ကမ္ဘာတဝန်း ဝယ်လိုအား မြင့်တက်နေစဉ် ယင်းနိုင်ငံသည် အဓိက ဖြည့်ဆည်းပေးသွင်းသူ ဖြစ်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း The Washington Post က ဖော်ပြသည်။

ပြီးခဲ့သည့် ၆ နှစ်တာအတွင်း ယင်းနိုင်ငံတွင် မက်သာဖက်တမင်း ထုတ်လုပ်သည့် စက်ရုံဓာတ်ခွဲခန်း ရာနှင့်ချီ ပေါ်ထွက်ထားခဲ့သည်ဟု အမေရိကန် သတင်းစာက ဖော်ပြသည်။

နိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကြောင့် အာဖဂန်များကို ဝင်ငွေရင်းမြစ်အသစ်များ ရှာဖွေရန် တွန်းအားပေးလျက် ရှိနေစဉ် လစဉ်ဆိုသလို နောက်ထပ် မက်သာဖက်တမင်း ဓာတ်ခွဲခန်းများကို ထပ်မံ တည်ဆောက်လျက် ရှိနေသည်ဟု ယင်းသတင်းက ဖော်ပြသည်။

ထုတ်လုပ်သည့် မက်သာဖက်တမင်းများ၏ အများစုသည် ပြည်ပတင်ပို့ရန် ရည်ရွယ်ကြောင်း ယင်းသတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly