လူ့အခွင့်အရေးကိစ္စကို အလေးအနက် သဘောထားရန် ပါကစ္စတန်အစိုးရသစ်ကို တိုက်တွန်း

လူ့အခွင့်အရေးကိစ္စကို အလေးအနက် သဘောထားရန် ပါကစ္စတန်အစိုးရသစ်ကို တိုက်တွန်း

ပါကစ္စတန်အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားသည့် အမှားမျိုး မလုပ်မိစေရန် လိုအပ်ကြောင်း ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင် (HRCP) ၏ ဥက္ကဋ္ဌ ဟီနာ ဂျီလာနီက ဧပြီ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ်၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်စဉ် တစ်နှစ်တာအတွင်း HRCP ကော်မရှင်ဘက်က လေ့လာဆန်းစစ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ် အများအပြားကို ဟီနာ ဂျီလာနီက ထောက်ပြခဲ့သည်။

ယခင် (PTI) အစိုးရသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း ကတိကဝတ်များ ပေးခဲ့သော်ငြား လူများကို အတင်းအကျပ် ဖျောက်ဖျက်မှုကို သီးခြား ပြစ်မှုတစ်ခုအဖြစ် ဥပဒေပြဋ္ဌာန်း သတ်မှတ်မည့် ကာလကြာ စောင့်ဆိုင်းနေရသော ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ယခု လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာကို မစ္စ ဂျီလာနီ ၊ HRCP ၏ အထွေထွေအတွင်းရေးမှူး ဟားရစ် ခါလီကွီးတို့နှင့်အတူ အခြားသော ကော်မရှင်အဖွဲ့ဝင်များက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်းက အတင်းအကျပ် ဖျောက်ဖျက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကော်မရှင်က အစီရင်ခံ ထုတ်ပြန်ခဲ့သည့် အတင်းအကျပ် ဖျောက်ဖျက်မှု ဖြစ်စဉ်များ၏ အရေအတွက် အများဆုံးဖြစ်သည့် ဖြစ်စဉ် ၁၁၀၈ ခု သည် ဘာလိုချီစတန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဆိုင်းငံ့ထားသော အမှု ဖြစ်စဉ် အရေအတွက်အများဆုံး ၁၄၁၇ ခုသည် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်မှ ပေါ်ထွက်ခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly