MOU စနစ်ဖြင့် ဒုတိယအသုတ် မြန်မာ အလုပ်သမား ၃၀၀ ကျော် ထိုင်းသို့ဝင်ရောက်

MOU စနစ်ဖြင့် ဒုတိယအသုတ် မြန်မာ အလုပ်သမား ၃၀၀ ကျော် ထိုင်းသို့ဝင်ရောက်

မေ ၁၁

COVID-19 ကူးစက် ရောဂါကြောင့် နှစ်နှစ်နီးပါး ပိတ်ထားသည့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် MOU စနစ်ဖြင့် မြန်မာ အလုပ်သမား ၃၀၁ ဦးသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဒုတိယ အသုတ် အဖြစ် ထိုင်းသို့ ဝင်ရောက် လာကြောင်း Myanmar Labour Attache Office က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်ရန် မြန်မာ အလုပ်သမား ၂၈၈ ဦးသည် ပထမ အသုတ်အဖြစ် မေလ ၁၀ ရက်နေ့က ဝင်ရောက် ခဲ့ပြီး ယခု ဒုတိယ အသုတ် ဝင်ရောက်ခြင်း ဖြစ်ကြောင်း မဲဆောက် အခြေစိုက် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
#Mizzima
#ထိုင်း-မြန်မာ
#MOU စနစ်
#မဲဆောက်-မြဝတီ
#COVID-19

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly