တရုတ်က အာဖရိကအတွက် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များကို လျှော့ချ

တရုတ်က အာဖရိကအတွက် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များကို လျှော့ချ

အခြေခံအဆောက်အအုံစီမံကိန်းများသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ အဓိက ဦးစားပေးကဏ္ဍများအနက်မှ တစ်ခုဖြစ်သော်လည်း တရုတ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး အကြိမ်အဖြစ် အာဖရိကတိုက်အတွက် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကတိများကို လျှော့ချလိုက်ကြောင်း သိရသည်။

အာဖရိကအတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ကတိပြုထားသော တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သော တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FOCAC) နှစ်ခုတွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံသာ ကတိပြုလိုက်ကာ ၃၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ယမန်နှစ် FOCAC အစည်းအဝေးတွင် အခြေခံအဆောက်အအုံကြောင်း တစ်ခွန်းမျှ မဟခဲ့ဟု European Times က ဖော်ပြသည်။

ကင်ညာနိုင်ငံကဲ့သို့ပင် တရုတ်သည် နိုင်ရိုဘီသို့ ငွေချေးရာတွင် ၂ နှစ်ဆက်တိုက် ဂျပန်၏နောက်တွင် ရှိနေခဲ့သည်။ တရုတ်နိုင်ငံသည် ကင်ညာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပရောဂျက်များကို သိသိသာသာ လျှော့ချပြီးနောက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ကင်ညာကို ချေးငွေအများဆုံးပေးသူမှာ ဂျပန်ဖြစ်လာသည်။

တရုတ်သည် ကင်ညာနိုင်ငံကို ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၅၅ သန်း ထုတ်ချေးရန် မျှော်မှန်းထားပြီး ၂၀၁၅-၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ထုတ်ချေးခဲ့သည်ထက် သိသိသာသာ လျော့နည်းသွားသည်။

သို့သော် တရုတ်ကြွေးမြီထောင်ချောက်မူဝါဒ၏ အကျိုးဆက်အနေဖြင့် အထူးသဖြင့် ကိုဗစ်-၁၉ အလွန်ကာလတွင် တိုးလာနေသော  အကြွေးစိုးရိမ်မှုများကြောင့် ယခုအခါ 3တရုတ်ငွေချေးငှားမှုအများစုကို လျှော့ချထားသည်။

တရုတ်နိုင်ငံထံ အကြွေးတောင်ပုံယာပုံတင်နေခြင်းသည် အန္တရာယ်ရှိကြောင်း အာဖရိကနှင့် အခြား တတိယကမ္ဘာ့နိုင်ငံများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အမြဲမပြတ် သတိပေးထားသည်။ မြီရှင် တရုတ်နိုင်ငံသည် မတည်ငြိမ်မှု သို့မဟုတ် အားနည်းချက်အချို့ကို ဖန်တီးသည်ဟုလည်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးသော၊ ဝင်ငွေနည်းသော သို့မဟုတ် စီးပွားရေးအရ ဒုက္ခရောက်နေသော နိုင်ငံများကို ငွေကြေးထောက်ပံ့ရန် အလေးထားလုပ်ဆောင်သည်။ ၂၀၂၀ ခုနှစ် စာရင်းအရ ဝင်ငွေနည်းနှင့် အလယ်အလတ်ရှိသော နိုင်ငံများသို့ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ ချေးငှားခဲ့သည်။ ဤချေးငွေများသည် လမ်းများ၊ ရထားများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ သတ္တုတူးဖော်ရေးနှင့် စွမ်းအင်အပါအဝင် ခါးပတ်လမ်းရပ်ဝန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများစွာနှင့် ဆက်စပ်နေသည်။

AidData ၏ အဆိုအရ စီးပွားရေးအရ ထိခိုက်လွယ်သော နိုင်ငံပေါင်း ၄၀ ကျော်သည် တရုတ်မြီရှင်ထံတွင် ၎င်းတို့ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းကျော်ခန့်ရှိသည့် မမြင်နိုင်သော အကြွေးများတင်ရှိနေသည်။ လာအို၊ ဇမ်ဘီယာနှင့် ကာဂျစ္စတန် အပါအဝင် နိုင်ငံအချို့သည် ၎င်းတို့ ဂျီဒီပီ၏ ၂၀ ခိုင်နှုန်းအထက်ပမာဏကို တရုတ်ထံ အကြွေးတင်နေကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly