တရုတ်စစ်လေယာဉ်များနှင့်သင်္ဘောများ ထိုင်ဝမ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်နေ

တရုတ်စစ်လေယာဉ်များနှင့်သင်္ဘောများ ထိုင်ဝမ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်နေ

တရုတ်ရေတပ်သည် ဂျပန်နှင့်အမေရိကန်ကို ရန်စရန် ကြိုးပမ်းသည့်အနေဖြင့် လွန်ခဲ့သော ရက်အနည်းငယ် အတွင်းက ဖိလစ်ပိုင်ပင်လယ်တွင် အသည်းအသန် စစ်ရေးလေ့ကျင့်နေသည်။ တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းအနောက်ဘက် တရုတ်ပြည်မကြီးမှ စစ်လေယာဉ်အမျိုးမျိုးနှင့် နောက်ထပ် စစ်သင်္ဘောများကို အများအပြားစေလွှတ်ခဲ့ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

ဖျက်သင်္ဘောကြီး Type 055 လျောင်နင် ပါဝင်သော PLA ရေတပ်သင်္ဘောစုသည် အရှေ့တရုတ်ပင်လယ်မှ မီယာကိုရေလက်ကြားကိုဖြတ်၍ ပစိဖိတ်သမုဒ္ဒရာသို့ မေ ၂ ရက်က စတင်ခုတ်မောင်းလာခဲ့ကာ မေ ၄ ရက်မှ ၈ ရက်အထိ ၅ ရက်ဆက်တိုက် ခုတ်မောင်းနေခဲ့ကြောင်း သတင်းများ၌ ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် လျောင်နင်သင်္ဘောအုပ်စုသည် ထိုင်ဝမ်ကျွန်းအနီးသို့ ဖြည်းညှင်းစွာ ခုတ်မောင်းခဲ့သည်။

တရုတ်စစ်လေယာဉ်များသည် ကျွန်း၏ အနောက်တောင်နှင့် အရှေ့တောင်များတွင် မေ ၅ ရက်မှ ၈ ရက်အထိ တိုက်လေယာဉ်အမျိုးအစားနှင့် ပျံသန်းမှုအရေအတွက်အားဖြင့် သိသိသာသာ တိုးလာကြောင်း ထိုင်ဝမ်ကာကွယ်ရေးအာဏာပိုင်များက ပြောသည်ဟု Global Times ၌ ဖော်ပြထားသည်။

တရုတ်စစ်တပ်မှ H-6 ဗုံးကြဲလေယာဉ်များ၊ J-11 နှင့် J-16 တိုက်လေယာဉ်များ၊ KJ-500 ကနဦးသတိပေးလေယာဉ်များ၊ Y-8 ရေငုပ်သင်္ဘောဖျက်လေယာဉ်၊ အီလက်ထရွန်နစ်စစ်ပွဲလေယာဉ်များနှင့် Ka-28 သင်္ဘောဖျက်စစ်ရဟတ်ယာဉ် ပါဝင်သည့် စုစုပေါင်း လေယာဉ် ၃၁ စင်းကို ထိုကာလအတွင်း ထိုင်ဝမ်ကာကွယ်ရေး အာဏာပိုင်များက တွေ့ရှိခဲ့သည်။ 

တရုတ်စစ်တပ်၏ လေယာဉ်တင်သင်္ဘောအုပ်စုကို စောင့်ကြည့်ရန် ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့က Izumo လေယာဉ်တင်သင်္ဘောကို စေလွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးပူးတွဲစစ်ဦးစီးအရာရှိက ပြောသည်။

အမေရိကန်ရေတပ်အင်စတိကျု၏ သတင်းဝက်ဘ်ဆိုက်၌ဖော်ပြထားသော သင်္ဘောအုပ်စုနှင့်ရ ကြောင်းခြေရာခံမှုသတင်းအရ အမေရိကန်ရေတပ်၏ အေဗရာဟင်လင်ကွန်း လေယာဉ်တင် တိုက်ခိုက်ရေး အုပ်စုသည်လည်း အနည်းဆုံး မေ ၂ ရက်အထိ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ခုတ်မောင်းနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly