ပုသိမ်မြို့တွင် ပုံမှန်မဟုတ်သည့် လေကြောင်းပျံသန်းမှုများ စစ်ကောင်စီတပ်ပြုလုပ်

ပုသိမ်မြို့တွင် ပုံမှန်မဟုတ်သည့် လေကြောင်းပျံသန်းမှုများ စစ်ကောင်စီတပ်ပြုလုပ်

မေ ၁၁

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် မေလ ၁၀ ရက်နေ့ ညပိုင်းအချိန်က ပုံမှန်မဟုတ်သည့် စစ်ကောင်စီတပ်၏ လေကြောင်းပျံသန်းမှုများရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်မှလေယာဥ်များသည် ည ၈ နာရီ ၁၀ မိနစ်ခန့်အချိန်မှစတင်ကာ ည ၉ နာရီကျော်အချိန်ထိ ပုသိမ်မြို့ပေါ်ကောင်းကင်ထက်တွင်ပျံသန်းခဲ့သည်ဟုသိရပြီး ပုသိမ်မြို့၏ အနောက်ဖက်အရပ်သို့ ဦးတည် ကာ ပျံသန်းသွားကြကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ အမောင်းသင်လေယာဥ်တွေလား၊ စစ်ဖက်သုံးလေယာဥ်တွေလားတော့မသိဘူး ပုသိမ်မြို့ပေါ်ကို နိမ့်နိမ့် လေးပျံနေတာ ၁၀ ခေါက်ကျော်လောက်ရှိတယ်။ လေယာဥ်ဘယ်နှစ်စီးလဲဆိုတာတော့ မမြင်ရဘူး။ စစ်တပ်ရဲ့ ယုတ်မာတဲ့လုပ်ရက်တွေကို ကျွန်တော်တို့ကသိနေတော့ မဟုတ်တာတခုခုလုပ်မှာကို စိုးရိမ် တယ်” ဟု ဒေသခံက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ချောင်းသာမှ ပုသိမ်မြို့ဘက်သို့ပြန်လာသော စစ်ကောင်စီခန့်ဝန်ကြီးများပါလာသည့်ယာဉ်တန်းကို ခြောက်ကောင်ကျေးရွာအနီးတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှလေယာဥ်များ ချောင်းသာတောအုပ် များထက်တွင် ပျံသန်းမှုများပြုလုပ်ခဲ့သေးသည်။

#Mizzima

#ပုသိမ်မြို့

#စစ်ကောင်စီလေတပ်

#လေကြောင်းပျံသန်းမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly