တရုတ်ကွန်မြူနစ်စိတ်ဓာတ်ရှိသော တိဗက်အဖွဲ့များ ဖွဲ့စည်းရန် သမ္မတရှီကျင့်ဖျင် ကြိုးပမ်း

By The Print
11 May 2022
တရုတ်ကွန်မြူနစ်စိတ်ဓာတ်ရှိသော တိဗက်အဖွဲ့များ ဖွဲ့စည်းရန် သမ္မတရှီကျင့်ဖျင် ကြိုးပမ်း

တိဗက်လူမျိုးများ တရုတ်ဆိုရှယ်လစ်စရိုက်လက္ခဏာများနှင့် လိုက်လျောညီထွေဖြစ်စေရန် သမ္မတ ရှီကျင့်ဖျင်က လွှမ်းမိုးချုပ်ကိုင်ဆောင်ရွက်မှုသည် ကွန်မြူနစ်စိတ်ဓာတ်ရှိသော တိဗက်အုပ်စုများ ဖြစ်ပေါ်လာစေသည်။

တိဗက်ကို တရုတ်က သိမ်းပိုက်ပြီး တစ်လအကြာတွင် တိဗက်လူမျိုးများသည် တိဗက်ပြည်ကို တရုတ်အုပ်ချုပ်မှုအပေါ် ရှုတ်ချကာ မိမိကိုယ်ကို မီးရှို့ဆန္ဒပြမှုများ လုပ်ဆောင်လာကြသည်ဟု Hong Kong post တွင် ဖော်ပြထားသည်။

တိဗက်လူမျိုးများ၏ ရိုးရာဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကိုယ်ပိုင်လက္ခဏာများကို ဖယ်ရှားရန် သမ္မတ ရှီကျင့်ဖျင်၏ ကြိုးပမ်းမှုများကို ဒါရမ်ရှာလာအခြေစိုက် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးရာ တိဗက်စင်တာ (TCHRD) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ယခင်က ဖော်ပြခဲ့သည်။

တရုတ်တို့သိမ်းပိုက်ထားသော တိဗက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်ခြင်းများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ပညာရေးဝန်ကြီးဌာနသည် နှိပ်ကွပ်သည့်အနေဖြင့် ကျောင်းတက်မည့် တိဗက်ကျောင်းသားများအား ၎င်းတို့၏  နိုင်ငံရေးသဘောထားနှင့်ရှုထောင့်တို့နှင့် ပတ်သက်၍ တာဝန်တစ်ရပ်ပေးရန် စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည်။

ဤစည်းမျဉ်းသည် တရုတ်ဆန့်ကျင်ရေး သို့မဟုတ် တိဗက်လွတ်လပ်ရေးလိုလားသော လှုပ်ရှားမှုများ သို့မဟုတ် ဘာသာရေးထုံးတမ်းစဉ်လာများဆိုင်ရာ အုံကြွမှုများကို ရပ်တန့်သွားစေရန် တရုတ်၏ဗျူဟာဖြစ်သည်ဟု Hong Kong Post က ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်အုပ်ချုပ်သောတိဗက်ရှိ တရုတ်အုပ်ချုပ်ရေးမှူးများသည် တိဗက်ကျောင်းသားများ တရုတ် မန်ဒရင်းဘာသာစကား ကျွမ်းကျင်စေရန် မဖြစ်မနေ လုပ်ဆောင်ပေးခဲ့သည်။ တိဗက်ဘာသားပြန့်ပွားမှုကို ထိန်းချုပ်ရန် စိတ်အားထက်သန်သော တိဗက်လူမျိုးများ ဖွင့်ထားသည့် တိဗက်ကျောင်းများကို ပိတ်ခြင်း သို့မဟုတ် ဖြိုချခြင်းများ ပြုလုပ်ခဲ့သည်။

တရုတ်သည် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ ရုပ်ပုံများဆောင်ထားခြင်းကိုပင် တားမြစ်ထားသည်။ လက်ကိုင်ဖုန်းများကိုလည်း တားမြစ်လာသလို စည်းမျဉ်းမလိုက်နာပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း Hong Kong Post ကဖော်ပြသည်။

ပညာရေးဟူသော အမည်နာမအောက်၌ တရုတ်ကွန်မြူနစ်ပါတီအတွက် ကွန်မြူနစ်အယူဝါဒသွတ်သွင်းခြင်းနှင့် ပါတီအပေါ်သစ္စာစောင့်သိခြင်းတို့ကို တိဗက်တွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် တိဗက်လူမျိုးများကို တရုတ်ဝိသေသလက္ခဏာရှိသူများအဖြစ် အသွင်ပြောင်းသော ၎င်းရည်မှန်းချက်အောင်မြင်ပါက အနာဂတ်တွင် တရုတ်စံနှုန်းလိုက်နာသည့် တိဗက်များအဖြစ်သို့ ပြောင်းလဲသော မြင့်မားသည့်
ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly