တရုတ်ကို တန်ပြန်ပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ဝီဂါများက သံပုရာခွံဦးထုပ်များကို ပိုမိုဝတ်ဆင်လာ

တရုတ်ကို တန်ပြန်ပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ဝီဂါများက သံပုရာခွံဦးထုပ်များကို ပိုမိုဝတ်ဆင်လာ

တရုတ်တွင် ကိုလိုနီပြုခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် သိမ်းပိုက်ခြင်းတို့ကို ဆန့်ကျင်သည့် အမျိုးသားရေး လှုပ်ရှားမှုကို ဆန့်ကျင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ဝီဂါများသည် မေလ ၅ ရက်ကို ဝီဂါသံပုရာခွံ ဦးထုပ်ယဉ်ကျေး မှုပွဲတော်နေ့ သို့မဟုတ် သံပုရာခွံဦးထုပ်နေ့(ဒိုပါနေ့)အဖြစ်သတ်မှတ်ပြီး သံပုရာခွံဦးထုပ်များကို ပိုမိုဝတ်ဆင် လာကြသည်။

ယင်းထုတ်ပြန်ချက်ကို အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ၏ အမှုဆောင်ကောင်စီက ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ဝီဂါများနှင့် အရှေ့တာကစ္စတန်မှ ဆင်းသက်လာသော အခြားသောတာကစ်လူမျိုးများက ၎င်းတို့၏  ထူးခြား သော ဝီဂါ/တူရကီ ယဉ်ကျေးမှုနှင့် အရှေ့တာကစ္စတန်အမျိုးသားလက္ခဏာ၏ အမှတ်အသားအဖြစ် သံပုရာ ခွံဦးထုပ်နေ့(ဒိုပါနေ့)ကို ကျင်းပကြသည်။

ဒိုပါသည် စတုရန်းပုံဖြစ်ပြီး ဗဟိုအာရှတွင် အစပြုပြီး တစ်ခါတစ်ရံ ဦးခေါင်းခွံအဝိုင်းပုံစံဖြစ်သည်။ နှစ်ထောင် ပေါင်းများစွာကတည်းက အာရှအလယ်ပိုင်းရှိ တာ့ခ်လူမျိုးများနှင့် အနာတိုလီယာ(ခေတ်သစ်တူရကီ) တွင် ရွှေ့ပြောင်း အခြေချနေထိုင်သော ဆယ်လ်ဂျက်ခ်တာ့ခ်တို့သည် ဒိုပါကို အဓိကအားဖြင့် ဝတ်ဆင်ခဲ့ကြသည်။

ယနေ့ခေတ်တွင် ဒိုပါကို ဝီဂါ၊ ဥဇဘတ်ခ်၊ ရုရှားဖက်ဒရေးရှင်းရှိ တာတာစတန်သမ္မတနိုင်ငံရှိ တာတာများနှင့် တာဂျစ်တို့က အဓိကဝတ်ဆင်ကြသည်။

ကမ္ဘာတစ်ဝန်းတွင် တိုင်းရင်းသားလူမျိုးစုအသီးသီးနှင့် လူမျိုးအသီးသီးတို့သည် သက်ဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုသည့် ထူးခြားသည့် ဝတ်စားဆင်ယင်မှုမျိုးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွဲပြားသောအရောင်များနှင့် အဆင်များကို လူမျိုးစုတစ်မျိုး သို့မဟုတ် လူမျိုးတစ်မျိုး၏ တူညီသော ဝတ်စား ဆင်ယင်မှု/အဝတ်အစားများကြောင့် ပထဝီဝင်နယ်မြေအတွင်းရှိ အချို့သော ဒေသ သို့မဟုတ် မြို့များကို ခွဲခြားသိမြင်နိုင်စေသည်။

လူမျိုးစုတစ်မျိုး သို့မဟုတ် လူမျိုးများ၏ သမိုင်းဝင်ဝတ်စား ဆင်ယင်မှုများကို နေ့စဉ်ဝတ်ဆင်သည့် အလေ့အထ များသည် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ပျောက်ကွယ်သွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly