ရုရှားကို ရှုတ်ချရန် ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားထိခိုက်စေကြောင်း တရုတ်ပြောကြား

ရုရှားကို ရှုတ်ချရန် ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားထိခိုက်စေကြောင်း တရုတ်ပြောကြား

ယူကရိန်းတွင် ရုရှား၏ လုပ်ရပ်များကို ရှုတ်ချရန် အထူးသဖြင့် အမေရိကန်က တရုတ်အပေါ် ဖိအားများ တိုးလာ ချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လီကျန်းက ဒဏ်ခတ်ပိတ်ဆို့မှုက ကမ္ဘာ့စီးပွားရေး ကို ပိုမိုဆိုးရွားစေကြောင်း ပြောကြားလိုက်သည်။

မကြာသေးမီက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ယင်း၏ ၂၀၂၂ခုနှစ် ကမ္ဘာစီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို ၃ ဒသမ ၆ ရာခိုင်နှုန်းသို့ လျော့ချခြင်းနှင့် ပတ်သက်သည့်မေးခွန်းကို သတင်းစာရှင်းလင်းပွဲတွင် တရုတ်ပြောရေးဆိုခွင့်ရှိသူက ဖြေကြားစဉ် ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

“ပိတ်ဆို့အရေးယူမှုတွေက ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းမပေးနိုင်ဘဲ ကမ္ဘာ့စီးပွားရေးကို ပိုဆိုးအောင်သာ လုပ်တယ်ဆိုတာကို သက်သေပြပြီးသားပါ” ဟု ကျောက်က ပြောကြားခဲ့ပြီး “ကမ္ဘာ့အကြီးဆုံးစီးပွားရေး ဖြစ်တဲ့ အမေရိကန်က ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာဖို့နဲ့ ကမ္ဘာ့ ထုတ်လုပ်တင်ပို့မှုကွင်းဆက် တည်ငြိမ်မှု အထောက်အကူဖြစ်စေဖို့ ဒီထက်မက လုပ်ဆောင်သင့်ပါတယ်။'

'ကမ္ဘာ့စက်မှုလုပ်ငန်းနဲ့ ထုတ်လုပ်တင်ပို့မှုကွင်းဆက်များ တည်ငြိမ်စေရေး၊ ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာ စေရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့ယုံကြည်မှု မြှင့်တင်ရန် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်က အဆင်သင့်ရှိနေပါတယ်' ဟု ကျောက်က ပြောကြားခဲ့သည်။

'နှေးကွေးပြီး ထိခိုက်လွယ်သော ကမ္ဘာ့စီးပွားရေးကို ရင်ဆိုင်နေရသော အမေရိကန်နှင့် အခြားနိုင်ငံအချို့သည် ယင်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို တွယ်ကပ်ထားပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို မျက်စိမှိတ် လုပ်ဆောင်နေသည်' ဟု ကျောက်က ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားကျူးကျာ်မှုတွင် တရုတ်က နည်းဗျူဟာပိုင်းပံ့ပိုးမှု၊ ကုန်သွယ်ရေးသဘောတူညီချက်များ ဆက်လက်လုပ်ဆောင်နေပြီး ရုရှား၏ လုပ်ရပ်များကို ရှုတ်ချရန် ငြင်းဆိုမှုများကြောင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုခံနေရသည်။

နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ်က ယူကရိန်းတွင် ရုရှား၏ ကျူးကျော်မှုကို ပြတ်ပြတ်သားသား ရှုတ်ချရန် တရုတ်အား လွန်ခဲ့သည့် ရက်အနည်းငယ်က တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required