မင်းလှမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးစာရေး CDM ပြုလုပ်

မင်းလှမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးစာရေး CDM ပြုလုပ်

မေ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ရှိ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးစာရေးတစ်ဦး လွိုင်ကော်-PDF ထံ လာရောက်ခိုလှုံပြီး CDM ပြုလုပ်လာကြောင်း ယနေ့ မေလ ၁၀ ရက်တွင်သတင်းထုတ်ပြန်သည်။

အဆိုပါတပ်ကြပ်ကြီးစာရေးသည် မေလ ၉ ရက်နေ့တွင် CDM ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး လွိုင်ကော်-PDF မှ ကောင်းမွန်စွာစောင့်ရှောက်ထားရှိကြောင်း သိရသည်။

အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါတွင် ပြည်သူ့ဘက်သို့ ခိုလှုံကာ အာဏာရှင်ကို ဆန့်ကျင်ခဲ့ခြင်းဖြစ်သော်လည်း အကြောင်းအရင်းအသေးစိတ်ကို မသိရသေးပေ။

CDMပြုလုပ်လာသည့် အကြောင်းရင်းအသေးစိတ်သိရှိနိုင်ရေးအတွက် လွိုင်ကော်-PDF သို့မဇ္ဈိမအနေဖြင့် ဆက်သွယ်ရန်ကြိုးစားနေသည်။

ယခု CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေးကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်၍ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု လွိုင်ကော်-PDF မှ ထုတ်ပြန်ထားသည်။

CDM ပြုလုပ်လိုသူများအနေဖြင့် လွိုင်ကော် PDF ထံ လက်နက်နှင့်တကွ CDM ပြုလုပ်မည်ဆိုပါက ဆုငွေ ကျပ်သိန်း ၅၀ ချီးမြင့်ပြီး ဘဝတစ်လျှောက်လုံး လုံခြုံစွာ ရှင်သန်နေထိုင်ရေးကိုပါ ကူညီသွားမည်ဟု အသိပေးထားသည်။

#Mizzima

#မကွေးတိုင်း

#မင်းလှမြို့

#အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံ

#တပ်ကြပ်ကြီးစာရေး

#CDMပြုလုပ်

#လွိုင်ကော်-PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required