တနင်္သာရီမြို့နယ်တွင် ဖမ်းမိသည့် ဘိန်းစာမှုန့် အထုတ် ၁၂,၀၀၀ ကျော်ကို PDF တပ်ဖွဲ့ မီးရှို့ဖျက်ဆီး

By ကိုရွှေမြိတ်
10 May 2022
တနင်္သာရီမြို့နယ်တွင် ဖမ်းမိသည့် ဘိန်းစာမှုန့် အထုတ် ၁၂,၀၀၀ ကျော်ကို PDF တပ်ဖွဲ့ မီးရှို့ဖျက်ဆီး

မေ ၁၀

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာတွင် မေလ ၇ ရက်နေ့က စက်လှေဖြင့် တင်ဆောင် လာသည့် ဘိန်းစာမှုန့် အထုပ်ရေ ၁၂,၀၀၀နှင့် အတူ အမျိုးသား သုံးဦးကို တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ရှေ့တန်း ထွက်လာစဉ် လယ်သစ် ကျေးရွာအနီး မြစ် အတွင်း ဖြတ်သန်း မောင်းနှင် လာသည့် ထိုစက်လှေအား မင်္သကာ၍ ခေါ်ယူ စစ်ဆေးရာမှ ဖမ်းမိခြင်း ဖြစ်ကြောင်း ပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြော သည်။

“ဒီ ဘိန်းစာမုန့်တွေက ကျွန်းစုမြို့နယ်ထဲက မဲတောရွာကို ပို့ဆောင်ဖို့ သယ်လာတယ်လို့ သိရပါတယ်။ စက်လှေကိုတော့ သိမ်းဆည်း လိုက်တယ်။ ဖမ်းဆီး ရမိတဲ့ လူသုံးယောက်ကို ခံဝန်ထိုး ခိုင်းပြီး ပြန်လွှတ်ပေး လိုက်တယ်”ဟု ၎င်းကပြော သည်။

ယင်း ဖမ်းဆီး ရမိသည့် ဘိန်းစာမှုန့်များ သည် တစ်ထုပ်လျှင် အလေးချိန် ၁၀ ကျပ်သား ကျော် ရှိကာ အထုပ် ပေါင်း ၁၂,၀၀၀ ဖြစ်ပြီး ကာလ ပေါက်ဈေး ကျပ်သိန်း ၂၀၀ ကျော်ခန့် ရှိကာ သယ်ဆောင်လာ သူများ၏ ထွက်ဆိုချက် အရ စစ်ကောင်စီ လက်အောက်ခံ စရဖ နှင့် ရဲတပ်ဖွဲ့ တို့၏ ခွင့်ပြုချက် လက်မှတ်ဖြင့် သယ်ဆောင်ခြင်း ဖြစ်ကြောင်း ဝန်ခံထားသည်ဟု ၎င်းကဆိုသည်။

Kratom ခေါ် ဘိန်းစာအရွက်ကို စိတ်ငြိမ်ဆေးနှင့် တိုင်းရင်းဆေး အတွက် အသုံးပြုကြောင်း စွဲလမ်း မူးယစ်စေပြီး စိတ်ကြွစေနိုင်သည့် အစွမ်းသတ္တိရှိ၍ မူးယစ်ဆေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီး ရမိသည့် ဘိန်းစာမှုန့် အထုပ်များကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးပြီး ဖမ်းဆီးရမိသူ အမျိုးသား သုံးဦးကို ပြန်လည် လွှတ်ပေး လိုက်ပြီး စက်လှေကိုမူ သိမ်းဆည်း လိုက်ကြောင်း သိရ သည်။

#Mizzima

#မြိတ်ခရိုင်

#တနင်္သာရီမြို့နယ်

#ဘိန်းစာမှုန့်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly