အာရှပင်လယ်ပြင်တွင် အင်အားကောင်းလာသည့် တရုတ်ကို ဂျပန်က ပြန်လည်အန်တုနေ

By San Francisco
10 May 2022
အာရှပင်လယ်ပြင်တွင် အင်အားကောင်းလာသည့် တရုတ်ကို ဂျပန်က ပြန်လည်အန်တုနေ

ဂျပန်ကမ်းရိုးတန်းအနီးနှင့် အငြင်းပွားကျွန်းငယ်အုပ်စုများအပါအဝင် အာရှရေပိုင်နက်တွင် တရုတ်က စစ်အင် အားတိုးမြှင့်ချိန်တွင် အာရှရှိ အနောက်နိုင်ငံများ၏ အဓိကမဟာမိတ်ဖြစ်သော ဂျပန်သည် ပြန်လည် တွန်းလှန်နေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားလိုက်သည်။

ဂျပန်ရေပိုင်နက်အတွင်းသို့ ၃ နာရီခန့် တရုတ်ရေတပ်စစ်တမ်းကောက်ယူရေးသင်္ဘောတစ်စင်း ဝင်ရောက်လာ ပြီးနောက် မေ ၄ရက်တွင် ဂျပန်က ကန့်ကွက်ခဲ့ကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းက ဖော်ပြခဲ့သည်။

မေလအစောပိုင်းက ဒေသတွင်းတွင် တရုတ်၏ လှုပ်ရှားမှုများ များလာခြင်းကြောင့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး လေတပ်ဖွဲ့သည် ယင်း၏ အစွန်အဖျားကျွန်းများတွင် မိုဘိုင်းရေဒါစနစ်ကို ပြန်လည်နေရာချထားခဲ့ကြောင်း အမေရိကန်စစ်တပ်သတင်းဝက်ဘ်ဆိုက် Stars ' Stripes က ဖော်ပြခဲ့သည်။

ဇန်နဝါရီလတွင် ဂျပန်မြို့တော်အစိုးရတစ်ရပ်က အငြင်းပွားနေသော ရှန်ကာကူကျွန်းစုများပေါ်တွင် ဆင်းသက်ရန်နှင့် အမှတ်အသားဆိုင်းဘုတ်များ စိုက်ထူရန် ဂျပန်အစိုးရတာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရယူရန် စီစဉ်ခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ တရုတ်က ယင်းကျွန်းကို သယောက်ယွီဟုခေါ်ပြီး ကျွန်းစုများကို တရုတ်က ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုသည်။

လူမနေသောကျွန်းငယ်ရှစ်ကျွန်းအတွက် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အငြင်းပွားနေချိန်တွင် တရုတ် တာဝန်ရှိ သူများက ဂျပန်သို့ တရားဝင်တိုင်ကြားခဲ့သည်။
 
နှစ်နိုင်ငံကြားတွင် တည်ရှိပြီး ကျယ်ပြန့်သော အနောက်ပစိဖိတ်ဒေသအထိ အပြန့်ကျယ်သည့် အရှေ့တရုတ် ပင်လယ်တွင် တရုတ်က ရေတပ်နှင့် လေတပ်အင်အားကို တိုးမြှင့်ထားရှိသည်။

ပြင်ပလေယာဉ်များဝင်ရောက်လာမှုကြောင့် အရေးပေါ်ပျံသန်းရသည့် အကြိမ်အရေအတွက်သည် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်တွင် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၇၉ ကြိမ် တိုးလာကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာနသည် လွန်ခဲ့သည့်နှစ်အတွင်း ယင်းကဲ့သို့ ဖြစ်ရပ်ပေါင်း ၁,ဝဝဝ ကျော်ကို မှတ်တမ်းတင်ခဲ့ပြီး အများစုမှာ တရုတ်နှင့် ပတ်သက်နေကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly