တရုတ်စစ်သင်္ဘောများက လျှို့ဝှက်ဆန်းကြယ်သော ပဲ့ထိန်းဒုံးကျည်သစ်များကို ပစ်လွှတ်

တရုတ်စစ်သင်္ဘောများက လျှို့ဝှက်ဆန်းကြယ်သော ပဲ့ထိန်းဒုံးကျည်သစ်များကို ပစ်လွှတ်

တရုတ်လက်နက်နှင့် ဒုံးကျည်အမျိုးအစားသစ်များက အနောက်နိုင်ငံများထက် သာလွန်ကောင်းမွန်ခြင်းဖြင့် အံ့အားသင့်စေခဲ့သည်။

မကြာသေးမီက Type 055 ထိန်းချုပ်ဒုံးကျည်ဖျက်သင်္ဘောမှ ပစ်ခတ်ခဲ့သည့် အမည်မသိ ဒုံးကျည် တစ်စင်းကို ပြသသည့် ဗီဒီယိုဖိုင်ကို တရုတ်ရေတပ် (PLAN) က ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လက်နက်သစ်သည် YJ-21 အမျိုးအစားစာရင်းဝင် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်ဖြစ်ကြောင်း လေ့လာ ဆန်းစစ်သူ အများစုက ယူဆကြသည်။

အဆိုပါ လက်နက်သည် YJ-21 အမျိုးအစားဖြစ်ကြောင်း ကနဦးပိုင်းခြားစိတ်ဖြာမှု မှန်ကန်ပါက တရုတ်သည် ရေတပ်သင်္ဘောမှ ယင်းဒုံးကျည်အမျိုးအစားမျိုးကို စစ်ရေးလေ့ကျင့်မှုအတွင်း ကမ္ဘာပေါ်တွင် ပထမဆုံး ပစ်ခတ်သည့် နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

မတ်လအတွင်းက ချင်းတောင်မြို့တွင် တာဝန်စတင်အသုံးပြုခဲ့သည့် Type 055 ခရူဇာအမျိုးအစားသင်္ဘော Wuxi စစ်သင်္ဘောမှ YJ-21 ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

တာဝန်ကျသင်္ဘောတစ်စင်းမှ ပစ်လွှတ်ခြင်းက PLA တွင် ယင်းဒုံးကျည်မျိုးသေချာပေါက်နီးပါးအသုံးပြုနေပြီကို ညွှန်ပြနေသည်။

ဒုံးကျည်တွင် သေးငယ်သော ထိန်းချုပ်မျက်နှာပြင်များရှိနေခြင်းသည် လျင်မြန်စွာရွေ့လျားနေသော လေယာဉ်ကို ထိမှန်ရန် အလွန်အမင်း ထိန်းချုပ်ရန် လိုအပ်သည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် (SAM) မျိုးမဟုတ်ကြောင်း ဖော်ပြနေသည်။

သို့သော် တစ်ချိန်တည်းတွင် YJ-21 အမျိုးအစား သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်နှင့် ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည်ကဲ့သို့သော လက်နက်အသစ်များသည် ရေတပ်နှင့် မြေပြင်ပစ်မှတ်များကို အကြီးအကျယ် ခြိမ်းခြောက်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly