ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အမေရိကန်၏ စွပ်စွဲချက်များကို တရုတ်သံရုံး ပယ်ချ

ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အမေရိကန်၏ စွပ်စွဲချက်များကို တရုတ်သံရုံး ပယ်ချ

ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်အရာရှိများနှင့် မီဒီယာများက ရုရှား၏ ဝါဒဖြန့်မှု၊ပူးပေါင်းကြံစည်မှုနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို ပုံကြီးချဲ့ပြောကြားပေးနေသည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာန၏ မကြာ သေးမီက မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပယ်ချလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ တင်ထားသည့်ကြေညာချက်အပေါ် မှတ်ချက်ပေးရန် သတင်းထောက်၏ မေးမြန်းမှုအပေါ် တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက 'ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်က သမာသမတ်ကျပြီး၊ ခံစားချက်မပါဘဲ ပြစ်တင်ရှုတ်ချခြင်းကင်းပါတယ်' ဟု ပြန်လည်ပြောကြားခဲ့သည်။

“မမှန်မကန်သတင်းတွေ ဖြန့်တဲ့အခါ အမေရိကန်ဘက်က ဒါကို အလေးအနက်ထား စဉ်းစားသင့်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး “နှစ်ပေါင်းများစွာ အမေရိကန်က အီရတ်၊ အာဖဂန်နဲ့ ဆီးရီးယားတို့မှာ စစ်ပွဲတွေ ဆင်နွှဲခဲ့ပြီး အရပ်သား ၃၃၅,ဝဝဝ သေဆုံးခဲ့ပါတယ်။ ဒါက မမှန်မကန်သတင်း မဟုတ်ပါဘူး“

'ကမ္ဘာ့နိုင်ငံအများစုက ဆွေးနွေးညှိနှိုင်းပြီး ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းဖို့ ထောက်ခံကြပေမယ့် အခြေအနေပိုဆိုးလာပြီး မထိန်းချုပ်နိုင်တဲ့ အနေအထားကို ဘယ်သူမှ မမြင်ချင်ပါဘူး။ ဒါက မမှန်မကန် သတင်းမဟုတ်ပါဘူး' ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ဇီဝလက်နက်ဆိုင်ရာသဘောတူညီချက်(BWC) တွင် သက်ဆိုင်ရာ နိုင်ငံများသို့ အမေရိကန်မှ တင်သွင်းသည့် လုပ်ငန်းဆိုင်ရာမှတ်တမ်းတွင် ယူကရိန်း၌ ဇီဝဓာတ်ခွဲခန်း ၂၆ ခုရှိ ကြောင်း အမေရိကန်က အတည်ပြုခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လတွင် ကာကွယ်ရေးဌာနမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်စာရွက်များအရ ယူကရိန်းတွင် အမေရိကန်က ယူကရိန်းရှိ ဓာတ်ခွဲခန်း ၄၆ ခုကို ထောက်ပံ့ပေးနေသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။ “ဒါက မမှန်မကန် သတင်းမဟုတ်ပါဘူး' ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် BWC လက်အောက်ရှိ နိုင်ငံတကာအသိုက်အဝန်း၏ ပူးတွဲအတည်ပြုချက်ကို လိုက်နာရန် အမေရိကန်ကို ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့ပြီး 'အပြစ်တင်ခြင်းနှင့် အပုပ်ချခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်' ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly