ကွန်မြူနစ်ပါတီသူရဲကောင်းများကို အသရေဖျက်မှုအတွက် တရုတ်သတင်းထောက်ကို ထောင်ဒဏ်ချမှတ်

ကွန်မြူနစ်ပါတီသူရဲကောင်းများကို အသရေဖျက်မှုအတွက် တရုတ်သတင်းထောက်ကို ထောင်ဒဏ်ချမှတ်

တရုတ်သတင်းထောက်ဟောင်းတစ်ဦးသည် အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ရုပ်ရှင်ဖြစ်သော ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) ကာလကို အခြေခံရိုက်ကူးထားသည့် ဇာတ်ကားတွင် တရုတ်အခန်းကဏ္ဍကို သရုပ်ဖော်ခြင်းနှင့်ပတ်သက်သည့် မှတ်ချက်ပေးပြီးနောက် သူရဲကောင်းနှင့်အာဇာနည်များ၏ ဂုဏ်သိက္ခာကို စွပ်စွဲပြောဆိုမှုအတွက် ဟိုင်နန်ပြည်နယ်မှ အာဏာပိုင်များက ၎င်းအား ထောင်သွင်းအကျဉ်းချခဲ့ကြောင်း သိရသည်။

လျူချန်ဖင်းသည် ‘The Battle at Lake Changjin’ ဇာတ်ကားအပေါ် သူ၏မှတ်ချက်များနှင့်ပတ်သက်၍ အပြစ်ရှိကြောင်းတွေ့ရသဖြင့် အပန်းဖြေမြို့ဖြစ်သည့် ဆန်ညာမြို့တရားရုံးတစ်ရုံးမှာ ၎င်းအား ထောင်ဒဏ် ၇ လချမှတ်ခဲ့ပြီး လူသိရှင်ကြားတောင်းပန်ရန်လည်း အမိန့်ပေးခံခဲ့ရသည်။

ရုပ်ရှင်ဇာတ်ဝင်ခန်းမှ စစ်သားများသည် အမေရိကန်ကျူးကျော်မှုမှ တရုတ်ကို ကာကွယ်ရန် တိုက်ပွဲဝင်ကြကြောင်း ယုံကြည်စေရန် ပုံဖော်ရိုက်ကူးထားသဖြင့် လျူက ၎င်းရုပ်ရှင်အကြောင်းကို လူမှုမီဒီယာ၌ ပို့စ်တင်ကာ လှောင်ပြောင်ခဲ့သည်။

လျူကို ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ဆန်ညာမြို့၌ ရဲများက ထိန်းသိမ်းခဲ့သည်။ လျူ၏မှတ်ချက်များသည် ဆိုရှယ်လစ်စံနှုန်းများနှင့် အမေရိကန်ကိုတွန်းလှန်ပြီးကိုရီးယားကိုကူညီသော စိတ်ဓာတ်ကို ဆန့်ကျင်ကြောင်း၊ လူမှုစည်းမျဉ်းများကို အနှောင့်အယှက်ဖြစ်စေကြောင်းနှင့် အများပြည်သူ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေ ကြောင်း တရားသူကြီးက ပြောသည်။

သို့သော် လျူက ကိုယ်တိုင်လာရောက် အဖမ်းခံပြီး အပြစ်ရှိကြောင်းထွက်ဆိုခဲ့ကာ ပြည်သူသက်သာချောင်ချိရေးရန်ပုံငွေအတွက် ယွမ် ၈၀ ၀၀၀ (အမေရိကန်ဒေါ်လာ ၁၂ ၀၀၀) ကို ဆန္ဒအလျောက်ပေးခဲ့သည့်အတွက် ပြစ်ဒဏ်လျှော့ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly