ထိုင်ဝမ်ကိုမကျူးကျော်ရန် Anonymous ဟက်ကာအဖွဲ့က တရုတ်ကို သတိပေး

ထိုင်ဝမ်ကိုမကျူးကျော်ရန် Anonymous ဟက်ကာအဖွဲ့က တရုတ်ကို သတိပေး

ရုရှားအား ဆိုက်ဘာစစ်ပွဲဆင်နွှဲနေရာမှ ရပ်ဆိုင်းထားသည့် Anonymous ဟက်ကာအဖွဲ့က ယူကရိန်းကို ရုရှားကျူးကျော်မှုပြုလုပ်သကဲ့သို့ ထိုင်ဝမ်အပေါ် မည်သို့သောမိုက်မဲမှုလုပ်ရပ်မျိုးကိုမှ မပြုလုပ်ရန် တရုတ်အား သတိပေးလျက် ချန်ဒူတရုတ်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက်ကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။

အဆိုပါ ဟက်ကာအဖွဲ့သည် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ချန်ဒူပီဒူခရိုင်ကော်မတီဝဘ်ဆိုက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း Taiwan News သတင်း၌ ဖော်ပြထားသည်။

ရုရှားကျူးကျော်မှုစကတည်းက ရုရှားအစိုးရနှင့် နိုင်ငံပိုင် မီဒီယာဝက်ဘ်ဆိုက်များ၊ စက်မှုထိန်းချုပ်မှုစနစ်များနှင့် ရာနှင့်ချီသော စောင့်ကြည့်ကင်မရာများအပေါ် တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ဟက်ကာအဖွဲ့က ထောက်ပြသည်။

Anonymous အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် Cyber Anakin က နျူကလီးယားဓာတ်အားပေးစက်ရုံ စက်ပစ္စည်းများအပါအဝင် တရုတ်၏ ကွန်ပျူတာစနစ်ကို ၅ ရက်ကြာ ထိုးဖောက်ခဲ့ကြောင်း အရိပ်အမြွက်ပြောဆိုလျက် တရုတ်အတွက် အမှတ်တရလက်ဆောင်ချန်ထားခဲ့ကြောင်း ပြောသည်။

ယင်းအဖွဲ့ တင်ခဲ့လသော စာမျက်နှာတွင် တိဗက်အလံများ၊ ထိုင်ဝမ်၊ အရှေ့တာကစ္စတန်၊ တောင်မွန်ဂိုလီးယား၊ ဟောင်ကောင်အလံ၊ လီဝမ်လျန်နှင့် ကိုဗစ်ကြောင့် သေဆုံးခဲ့သော ထင်ရှားကျော်ကြားသူများအတွက် အမှတ်တရလည်းပါဝင်သည်ဟု Taiwan News ၌ဖော်ပြထားသည်။

ယခင်ပုံစံဖျက်၍ ပြန်တင်ထားသော CCP ဝက်ဘ်ဆိုက်သည် လိုင်းပေါ်မှ လျင်မြန်စွာပျောက်သွားခဲ့ပြီး အသုံးပြု၍ မရသေးပေ။ ယခင်ဝက်ဘ်ဆိုက်စာမျက်နှာကိုဖျက်၍ ပြန်ပြင်တင်ထားသော ဗားရှင်းကို Internet Archive Wayback Machine ဝက်ဘ်ဆိုက်တွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly