ထိုင်းပင်လယ်စာလုပ်ငန်း မသမာမှုများကို ဖြိုခွင်းစဉ်အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီး

ထိုင်းပင်လယ်စာလုပ်ငန်း မသမာမှုများကို ဖြိုခွင်းစဉ်အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီး

ဘန်ကောက်၊ ဖေဖော်ဝါရီ - ၂ ။                ။ ထိုင်းနိုင်ငံ၏ ဒေါ်လာ ဘီလျံချီသည့် ပင်လယ်စာလုပ်ငန်းကဏ္ဍတွင် အဓမ္မမှုများကို ဖြိုခွင်းစဉ်အတွင်း လူပေါင်း ၁၀၀ကျော်ကို ဖမ်းဆီးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

အယ်၍ ထိုင်းနိုင်ငံအနေဖြင့် တရားမဝင် ငါးဖမ်းမှုနှင့် လူကုန်ကူးမှု စွပ်စွဲချက်များကို မဖြေရှင်းပါက ပင်လယ်စာပို့ကုန်များကို သပိတ်မှောက်ပစ်မည်ဟု ဥရောပသမဂ္ဂက လွန်ခဲ့သည့် ဧပြီလက ခြိမ်းခြောက်ခဲ့သည်။

တနင်္လာနေ့က လုပ်ငန်းဖော်ဆောင်မှုအဖွဲ့က အမှု ၃၆မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး လူကုန်ကူးခံရသူ ၁၃၀ကို ကယ်တင်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှာ ကမ္ဘာပေါ်တွင် တတိယမြောက် အများဆုံး ပင်လယ်စာတင်ပို့သည့် နိုင်ငံဖြစ်သည်။

လူ့အခွင့်အရေး အုပ်စုများက ကာလကြာမြင့်စွာကတည်းက ထိုင်းပင်လယ်စာလုပ်ငန်းတွင် အဓမ္မမှုများကို မီးမောင်းထိုးပြလာနေခဲ့ကြရာ လုပ်ငန်းကြီးတစ်ခုလုံးမှာ ငါးအလွန်အကျွံဖမ်းခြင်း (သို့မဟုတ်) တရားမဝင် ငါးဖမ်းခြင်းများအပေါ်တွင် မှီခိုနေရပြီး ထိုနယ်ပယ်တွင် လုပ်ကိုင်နေကြသည့် အိမ်နီးချင်းနိုင်ငံများမှ လူကုန်ကူးခံရသည့် အလုပ်သမားများမှာလည်း ကျွန်နီးနီးအခြေအနေတွင် လုပ်ကိုင်နေ ကြရသည်ဟု ဆိုသည်။

လုပ်ငန်းဖော်ဆောင်မှုအဖွဲ့ကို မထူထောင်မီ ၁၆လအလိုက အမှုပေါင်း ၁၅မှုကိုသာ စစ်ဆေးနိုင်ခဲ့သော်လည်း ယခုအခါတွင် ဖြိုခွင်းမှုကို ပြင်းပျထက်သန်စွာ လုပ်ဆောင်နေကြောင်း နိုင်ငံတော် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ သမ်ဆက် ဝိချာရာယာက ပြောကြားခဲ့သည်။

ဖမ်းဆီးမိသူ တရားခံ ၁၀၂ယောက်လုံးကို တရားစွဲဆိုခဲ့ပြီး ၃၆ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ပင်လယ်လုပ်ငန်း ကဏ္ဍမှ ပြဿနာများမှာ ရှုပ်ထွေးလှပြီး အစိုးရက ဆုံးဆုံးဖြတ်ဖြတ် အရေးယူလျှင်သော်မှ ချက်ချင်း ပြေလည်ဦးမည့်သဘောမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly