တရုတ်က သီရိလင်္ကာအား ယွမ်ငွေ သန်း ၃၀ဝ ထုတ်ချေးမည်

တရုတ်က သီရိလင်္ကာအား ယွမ်ငွေ သန်း ၃၀ဝ ထုတ်ချေးမည်

စီးပွားရေးအကျပ်အတည်း ဆိုးရွားစွာကြုံနေရသည့် သီရိလင်္ကာအား ယွမ်ငွေ သန်း ၃၀ဝ ချေးရန် တရုတ်က ဆုံးဖြတ်ခဲ့သည်။

တရုတ်က ပေးအပ်သည့် အရေးပေါ် ထောက်ပံ့ငွေ စုစုပေါင်း ပမာဏမှာ တရုတ် ယွမ် သန်း ၅၀ဝ ထိတိုးလာပြီး ယင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၇၆ သန်းနှင့် ညီမျှသည်။

'ယခုလိုရုန်းကန်နေချိန်တွင် သီရိလင်္ကာပြည်သူများအား ထောက်ပံ့ရန်အတွက် တရုတ်သည် အရေးပေါ် လိုအပ်နေသော ဆေးဝါး၊ အစားအစာနှင့် လောင်စာဆီများ စသည်တို့အတွက် သီရိလင်္ကာအား နောက်ထပ် ယွမ်ငွေ သန်း ၃၀ဝ ထောက်ပံ့ရန် ဆုံးဖြတ်လိုက်သဖြင့် တရုတ်မှ အရေးပေါ်ထောက်ပံ့ငွေသည် စုစုပေါင်း ယွမ် သန်း ၅၀ဝ ထိတိုးလာပြီး ယင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၇၆ သန်းနှင့် ညီမျှသည်။” ဟု သီရိလင်္ကာဆိုင်ရာ တရုတ်သံရုံးမှ တွစ်တာတွင် ရေးသားခဲ့သည်။

လက်ရှိတွင် သီရိလင်္ကာနိုင်ငံသည် လူအများ အပြားကို ထိခိုက်စေသည့် စားနပ်ရိက္ခာနှင့် လျှပ်စစ်မီးပြတ် တောက်မှုနှင့် ရင်ဆိုင်နေရသည်။

ထိုသို့သော စီးပွားရေးအကျပ်အတည်းကြောင့် သီရိလင်္ကာနိုင်ငံသည် ပြည်သူများအား အခြေခံ လိုအပ်ချက် များဖြည့်ဆည်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများထံမှ အကူအညီရယူနေရသည်။ သီရိလင်္ကာသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း မှာ တရုတ်၏ “ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်း” ကြောင့်ဖြစ်သည်ဟု လက်ခံယုံကြည်ထားကြသည်။

တရုတ်သည် ယင်း၏ အကျိုးစီးပွားကို အမြဲ ရှေ့တန်းတင်၍ သီရိလင်္ကာ သို့မဟုတ် မော်လ်ဒိုက်ကဲ့သို့ နိုင်ငံငယ်များကို လက်ဝေခံများအဖြစ် အသုံးချခဲ့သည်။

စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု တရုတ်က မက်လုံးပေးပြီး ယင်းနိုင်ငံများကို ကြွေးမြီ ထောင်ချောက်ဆင်လေ့ရှိကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခရီးသွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ငွေကြေးပြတ်လတ်သဖြင့် စီးပွားရေးအကျပ်အတည်းဖြစ်ရခြင်းဖြစ်သည်ဟု အပြစ်တင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly