ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ပြည်သူများ လွယ်ကူ တတ်နိုင်၍ အဆင့်မြင့်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန် ကျန်းမာရေးနှင့် ဆေးပညာကဏ္ဍအတွက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ရူပီး ၁၄၈၄ ဒသမ ၇၂ ကုဋေကို ချထားပေးရန် ပြည်နယ်အစိုးရက ကတိပြုလိုက်သည်။
အစိုးရအနေဖြင့် ကျန်းမာရေးအစီအစဉ်များ၊ ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဒီဂျစ်တယ်စနစ် ကျန်းမာရေးမှတ်တမ်းများ၊ ထင်ရှားသည့် ပညာရပ်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဆေးပညာသုတေသန လုပ်ငန်းများနှင့် ကမ္ဘာပေါ်တွင် အစိုးရထောက်ပံ့သည့် ပမာဏအကြီးဆုံး ကျန်းမာရေးအာမခံအစီအစဉ်ကို အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။
ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် Ayushman Bharat-SEHAT အစီအစဉ်ကို မိတ်ပေးခဲ့သည်။ ယင်းအစီအစဉ်အရ ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ လူနာ ၁၀၀၀ နီးပါးသည် အတွင်းလူနာဌာန အခမဲ့ ဆေးဝါးစောင့်ရှောက်မှု (IPD) အတွက် လျှောက်ထားနိုင်သည်။
ကုသမှုခံယူခွင့်ရှိသူများအား ကျန်းမာရေးအာမခံကဒ်များအဖြစ် ‘ရွှေရောက်ကဒ်များ’ ကို ပေးထားကာ ဆေးရုံဆေးခန်းများတွင် အခမဲ့ ကုသမှုခံယူရန် အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်ထိ ကဒ်ပေါင်း သိန်း ၆၀ ကို ပေးထားပြီးဖြစ်ကာ မိသားစု ၁၆ ဒသမ ၃၆ သိန်းမှ တစ်ဦးက်မနည်းသည် SEHAT အစီအစဉ်တွင် မှတ်ပုံတင်ထားပြီး ဖြစ်သည်။
ယင်းအစီအစဉ်တွင် အိမ်ထောင်စုတစ်စုစီအနေဖြင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံများတွင် ရူပီး ၅ သိန်းအထိ ဆေးဝါးကုသပိုင်ခွင့်ရှိသည်။ အစိုးရက နိုင်ငံသားတို့၏ ဆေးဝါးစရိတ်အတွက် နေစဉ် ရူပီး ၁ ဒသမ ၇ ကုဋေကိုလည်း နေ့စဉ် သုံးစွဲလျက်ရှိသည်။
အိန္ဒိယနိုင်ငံတွင် ပထမဆုံးအဖြစ် ဆမ်ဘားခရိုင်၌ ယင်းအစီအစဉ်ကို ရာနှုန်းပြည့် ဆောင်ရွက်နေပြီဖြစ်သည်။ အိမ်ထောင်စု ၆၂၆၄၁ မှ မိသားစုဝင် ၃၀၄၅၁၀ သည် အဆိုပါ ရွှေရောက်ကဒ်ကို အသုံးပြုခွင့်ရကြောင်း ပြည်နယ် ကျန်းမာရေး အေဂျင်စီက ထုတ်ပြန်ထားသည်။