အိုအိုဝါပြည်နယ် သမ္မတလောင်းရွေးပွဲတွင် တက် ခရုဇ်အနိုင်ရ

အိုအိုဝါပြည်နယ် သမ္မတလောင်းရွေးပွဲတွင် တက် ခရုဇ်အနိုင်ရ

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၂ ။           ။ ၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စု သမ္မတရွေးပွဲ၏ ပထမဆုံး မဲပေးပွဲဖြစ်သည့် အိုင်အိုဝါ ရီပတ်ဘလီကင် သမ္မတလောင်း ရွေးပွဲတွင် တက္ကဆက် အထက်လွှတ်တော်အမတ် တက် ခရုဇ်က အနိုင်ရရှိခဲ့သည်။

လက်ခုပ်သံများကြားတွင် တက် ခရုဇ်ကက ဒီညဟာ သတ္တိရှိတဲ့ ကွန်ဆာဗေးတစ်တွေရ့ အောင်ပွဲတစ်ခုပါဟု ကြေညာခဲ့သည်။

တက် ခရုဇ်က ရီပတ်ဘလီကင် ဆန္ဒမဲအားလုံး၏ ၂၈ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ပြိုင်ဘက် တစ်ပြေးနေသည့် ဒေါ်နယ် ထရန့်နှင့် မာကို ရူဘီယိုတို့နှစ်ဦးကို အလဲထိုးခဲ့သည်။

ဒီမိုကရတ် သမ္မတလောင်းရွေးပွဲတွင်မူ မဲများကို ရေတွက်ဆဲဖြစ်ပြီး ထိပ်တန်းပြိုင်ဘက်နှစ်ဦးကြား အကြိတ်အနယ် ဖြစ်နေသည်ဟု ဆိုသည်။

မဲ ၈၅ရာခိုင်နှုန်း ရေတွက်ပြီးစီးရာတွင် ဒီမိုကရတ်သမ္မတလောင်း တစ်ပြေးနေသူ ဟီလာရီ ကလင်တန်နှင့် မိမိကိုယ်ကို ဒီမိုကရတ်ဆိုရှယ်လစ်တစ်ယောက်အဖြစ် ကြွေးကြော်ထားသူ ဘာနီ ဆန်းဒါးတို့ကြားတွင် ၁ ရာခိုင်နှုန်းလျော့လျော့သာ ကွာခြားနေသည်။

ကျေးလတ်ဂီတသံများ အသံချဲ့စက်မှ လွှင့်ပျံနေသည့်အခိုက်တွင် အောင်မြင်မှုကို ပီတိဖြစ်နေသည့် မစ္စတာ ခရုဇ်က စင်ပေါ်တွင် ထောက်ခံသူများ၊ မိသားစုများနှင့် မဲဆွယ်စည်းရုံးရေးဝန်ထမ်းများကို ပွေ့ဖက်နှုတ်ဆက်ခဲ့သည်။

‘ရီပတ်ဘလီကင် သမ္မတလောင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်မယ့် သမ္မတကို မီဒီယာက ရွေးချယ်မှာ မဟုတ်ပါဘူး။ ဝါရှင်တန်အစိုးရကလည်း ရွေးချယ်မှာ မဟုတ်ပါဘူးဆိုတာကို အိုအိုဝါက သတိပေးကြေညာလိုက်တာပါ။ ဒီညဟာ အိုင်အိုဝါတစ်ခွင်နဲ့ နိုင်ငံတစ်ဝန်းလုံးမှာ သတ္တိရှိတဲ့ ကွန်ဆာဗေးတစ်တွေရဲ့ အောင်ပွဲတစ်ခုပါ’ဟု တက်ခရုဇ်က ပြောကြားခဲ့သည်။

အိုင်အိုဝါတွင် လူထုများက အိမ်များ၊ ကျောင်းများနှင့် ပြည်နယ်တလွှားရှိ အခြားပြည်သူပိုင် အဆောက်အအုံများတွင် စုဝေးမှုများပါဝင်သည့် ခိုကတ်ဟုခေါ်သော ထူးခြားသည့် ထူးခြားသည့် ရွေးကောက်ပွဲစနစ် ရှိသည်။

ဒီမိုကရတ် မဲဆန္ဒရှင်များက ၎င်းတို့အကြိုက် သမ္မတလောင်းအပေါ် အခြေခံ၍ အုပ်စုများ ခွဲကြသော်လည်း ရီပတ်ဘလီကင် သမ္မတလောင်းရွေးပွဲ လုပ်ငန်းစဉ်မှာမူ ပို၍ ရှေးရိုးဆန်သည်။

လာမည့်လများတွင် အခြားပြည်နယ် ၄၉ခုနှင့် အမေရိကန်ပိုင်နက်များတွင် ပါတီသမ္မတလောင်းအတွက် မဲပေးရွေးချယ်ကြတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly