ဘာသာရေး လူနည်းစုများအပေါ် ပါကစ္စတန်အစိုးရ၏ ပြုမူဆက်ဆံပုံကို ဗြိတိန်လွှတ်တော်အမတ်များ ဝေဖန်

ဘာသာရေး လူနည်းစုများအပေါ် ပါကစ္စတန်အစိုးရ၏ ပြုမူဆက်ဆံပုံကို ဗြိတိန်လွှတ်တော်အမတ်များ ဝေဖန်

ပါကစ္စတန်နိုင်ငံတွင် ဟိန္ဒူ၊ ခရစ်ယာန်၊ ဆစ်ခ်၊ ဗုဒ္ဓဘာသာဝင်များနှင့် အာမာဒီမွတ်ဆလင်များကဲ့သို့ ဘာသာရေး လူနည်းစုများအပေါ် နှိပ်ကွပ်မှုအတွက် ပါကစ္စတန်အစိုးရကို ဗြိတိန် ပါလီမန်ကော်မတီတစ်ခုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထို့အတူ အဆိုပါ ဘာသာရေး လူနည်းစုများ ပြုမူဆက်ဆံခံရမှုပုံစံကို တိုးတက်ကောင်းမွန်စေမည့် အစီအစဉ်များအတွက် သံတမန်ရေးရာ ဆောင်ရွက်ချက်ဖြင့် ပံ့ပိုးရင်း ဗြိတိန်ဘက်မှ အကူအညီပေးရေး အတွက်လည်း ကော်မတီက တောင်းဆိုခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) ကို ကြည့်ရှုစစ်ဆေးသည့် ဗြိတိန် အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည် “ပါကစ္စတန်အတွက် ယူကေ အကူအညီပေးမှု” ဆိုသည့် ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်ရပ်ကို ဧပြီ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်အရ ပါကစ္စတန်တွင် ဘာသာရေး လူနည်းစုများကို ပစ်မှတ်ထားရန်နှင့် ပုဂ္ဂိုလ်ရေး အငြင်းပွားမှုများကို စာရင်းရှင်းရန် ဘာသာရေးစော်ကားမှု ဉပဒေများကို မကြာခဏဆိုသလို အလွဲသုံးစား ပြုနေသည်ကို တွေ့ရှိထားကြောင်း ဖော်ပြပါရှိသည်။

“ပြီးခဲ့တဲ့ ကာလတွေအတွင်း ပါကစ္စတန်မှာ ဘာသာရေး လူနည်းစုတွေဟာ ဘာသာရေးစော်ကားတယ်ဆိုပြီး အထောက်အထား မခိုင်လုံဘဲ စွပ်စွဲခံရမှုတွေနဲ့ ကြုံတွေ့ခဲ့တာတွေ ရှိခဲ့ပြီး အချို့ဆိုရင် လူအုပ်နဲ့ သတ်ဖြတ်ခံရတဲ့အထိ ရှိခဲ့ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly