ဘင်္ဂလားဒေ့ရှ်၌ ဆောက်လုပ်ရေးလုပ်ငန်းကို ကန့်ကွက်ရာမှ ရန်ပွဲဖြစ်ကာ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်၌ ဆောက်လုပ်ရေးလုပ်ငန်းကို ကန့်ကွက်ရာမှ ရန်ပွဲဖြစ်ကာ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပီရော့ပါဒေသ၌ တရုတ်ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းကို ဒေသခံများက ကန့်ကွက်ခဲ့ ရာမှ ရန်ပွဲဖြစ်ပွားခဲ့ကာ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် လူ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ပီရော့ပါခရိုင် မက်ဘာရီယာအရပ်၌ တာတမံတစ်ခုတည်ဆောက်နေသည့်နေရာတွင် ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းရင်းမြစ်များအရ ဒေသခံများက တရုတ်ကုမ္ပဏီတည်ဆောက်နေသောဆောက်လုပ်ရေးတစ်ခုကို ဆန့်ကျင်ခဲ့ရာမှ အူပါဇီလာခရိုင်ခွဲ ဘာဒူရာရွာတွင် ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသော တရုတ်လူမျိုးများမှာ မန်နေဂျာ မားကျိမောင် (၃၁ နှစ်)၊ ကြီးကြပ်ရေးမှူးများဖြစ်သည့် ချန်ဒရူး (၂၈ နှစ်) နှင့် လျဲ့ဘို (၃၈) နှစ်တို့ဖြစ်ကြသည်။

တရုတ်နိုင်ငံသား ၃ ဦးနှင့် ဒေသခံ ၆ ဦးတို့ကို ဘန်ဒါရီယာဆေးရုံ အရေးပေါ်ခန်းတွင် ကုသပေးခဲ့ကြောင်း ဘန်ဒါရီယာအူပါဇီလာ ကျန်းမာရေးနှင့်မိသားစုစီမံရေးအရာရှိ ကာမယ်ဟိုစိန်မူတီက ပြောသည်။

ဒဏ်ရာရ သူများအနက် တရုတ်နိုင်ငံသား၂ဦးသည် လက်မောင်းနှင့်ခြေထောက်တို့တွင် ဒဏ်ရာအသေးစားများ ရရှိခဲ့ပြီး နောက်တစ်ဦးက ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။ ရဲများ၏ အဆိုအရ ဒေသခံများက တာတမံတောက်ရန် စက်ဖြင့် မြေသွားသယ်စဉ် တရုတ်မီမံကိန်းမှ အလုပ်သမားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေပိုင်ဆိုင်မှုနှင့် ကန်ရေဖြည့်ခြင်းတို့နှင့်ပတ်သက်၍ မြေပိုင်ရှင်များအကြား နားလည်မှုလွဲမှားသောကြောင့် ရန်ပွဲဖြစ်ကာ တရုတ်စီမံကိန်းမှ  တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပီရော့ပါခရိုင်ခရဲမှူး မိုဟာမက်ဆာအိဒါရာမန်က ပြောသည်။ ၎င်းကိစ္စှနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly