လာမည့်ရာသီသစ်တွင် မန်စီးတီးအသင်းကို ဂွါဒီယိုလာ ကိုင်တွယ်မည်

လာမည့်ရာသီသစ်တွင် မန်စီးတီးအသင်းကို ဂွါဒီယိုလာ ကိုင်တွယ်မည်

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၂ ။             ။ လာမည့်ရာသီသစ်တွင် မန်စီးတီးအသင်းနည်းပြအဖြစ် ဂွါဒီယိုလာဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်းဘက်က အတည်ပြုကြေညာခဲ့သည်။

ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းတို့သည် သုံးနှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီထားကြပြီး လက်ရှိနည်းပြပယ်လီဂရီနီမှာ ရာသီကုန်အထိ ကိုင်တွယ်သွားမည် ဖြစ်သည်။

ဂွါဒီယိုလာသည် မန်စီးတီးတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၃ သိန်းရရှိမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။ ထိုလစာငွေပမာဏမှာ မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီ၏လစာငွေထက် ပေါင်လေးသောင်း ပိုမိုများပြားသည်။

ထို့အပြင် ဒေးလီးမေလ်းက ဂွါဒီယိုလာသည် ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာအား ပေါင်သန်း ၈၀ ဖြင့် လည်းကောင်း၊ အဲဗာတန်ကွင်းလယ်လူ ဂျွန်စတုန်းကို ပေါင်သန်း ၅၀ ဖြင့် လည်းကောင်း ခေါ်ယူရန်နိုင်ရန် ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ရီးယဲလ်တို့နှင့် ယှဉ်ပြိုင်သွားမည်ဟုလည်း ဖော်ပြခဲ့သည်။

လက်ရှိ မန်စီးတီးနည်းပြ ပယ်လီဂရီနီကလည်း ရာသီအကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုထားသည်။ 'ကျွန်တော်အသင်းနဲ့ စကားပြောဆိုခဲ့ပါတယ်။ စာချုပ်မှာပါတဲ့အတိုင်း သက်တမ်း ကုန်ဆုံးတဲ့ရက်မှာ အသင်းကထွက်ခွာမှာပါ။ အသင်းက ကျွန်တော့်ရဲ့နောက်ကွယ်မှာ ဘာမှပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ ဒီကိစ္စကို ပြီးခဲ့တဲ့ တစ်လလောက်ကတည်း သိပါတယ်' ဟု ပယ်လီဂရီနီက ပြောဆို ခဲ့သည်။

Ref: BBC,Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly