နိုင်ငံတကာ စည်းမျဉ်းများအား လိုက်နာရန် ပျက်ကွက်ပါက စီးပွားရေးအရ လက်တုံ့ပြန်မည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို သတိပေး

နိုင်ငံတကာ စည်းမျဉ်းများအား လိုက်နာရန် ပျက်ကွက်ပါက စီးပွားရေးအရ လက်တုံ့ပြန်မည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို သတိပေး

တရုတ်အနေဖြင့် နိုင်ငံတကာ စည်းမျဉ်းများကို လိုက်နာရန်နှင့် မလိုက်နာပါက 'စီးပွားရေး နေတိုးအဖွဲ့' အဖြစ် လုပ်ဆောင်နေသည့် ကမ္ဘာ့အင်အားကြီး ဂျီ-၇ အုပ်စု၏ အရေးယူကို ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားရ မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က သတိပေးပြီးနောက် ဗြိတိန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

'နိုင်ငံတွေက စည်းမျဉ်းတွေ လိုက်နာရပါမယ်။ အဲဒီထဲမှာ တရုတ်လည်း ပါဝင်ပါတယ်' ဟု လန်ဒန်ရှိ Mansion House မိန့်ခွန်းတွင် ထရပ်စ်က ပြောကြားခဲ့သည်။

'စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာရင် သူတို့က ဆက်လက်မကြီးထွားနိုင်ပါဘူး။ တရုတ်က ဂျီ-၇ နဲ့ ကုန်သွယ် ဖို့ လိုပါတယ်။ ကျွန်မတို့ ဂျီ-၇ က ကမ္ဘာ့စီးပွားရေးရဲ့ ထက်ဝက်လောက်ကို ကိုယ်စားပြုပါတယ်။ ပြီးတော့ ကျွန်မတို့မှာ ရွေးချယ်စရာတွေရှိပါတယ်' ဟု လန်ဒန်ရှိ Mansion House မိန့်ခွန်းတွင် ထရပ်စ်က ပြောကြားခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။

'အဝန်းဝိုင်းငယ်တစ်ခု သို့မဟုတ် အုပ်စုစည်းမျဉ်းများထက် နိုင်ငံတကာ စည်းမျဉ်းများသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံသည့်

နိုင်ငံတကာဆက်ဆံရေး စည်းမျဉ်းများ ဖြစ်သင့်သည်။” ဟု တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက အဆိုပါ ထုတ်ပြန်ချက်နှင့် ထရပ်စ်အား တုံ့ပြန်သည့်အနေဖြင့် ပြောဆိုခဲ့သည်။

ရုရှားနှင့် တရုတ်သည် စည်းမျဉ်းများ အတိုင်း မလုပ်ဆောင်ပါက ဆက်လက်တိုးတက်လာမည်မဟုတ်ကြောင်း၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားခဲ့ပြီး အခြားသူများ၏ လုံခြုံရေးကို ခြိမ်းခြောက်ပါက တရုတ်နိုင်ငံအနေဖြင့် ရုရှားကဲ့သို့ ပိတ်ဆို့အရေးယူမှုများ ကြုံရနိုင်ကြောင်း သတိပေးခဲ့သည်ဟု Global Times က ဖော်ပြခဲ့သည်။

ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ရုရှားကို ရှုတ်ချရုံသာမက တရုတ်ကိုလည်း ထရပ်စ်က ဝေဖန်ခဲ့သည်။ 'နေတိုးသည် လုံခြုံရေးအယူအဆဟောင်းကို ကြာမြင့်စွာကတည်းက ဆုပ်ကိုင်ခဲ့ပြီး အဖွဲ့များကြား ထိပ်တိုက် ရင်ဆိုင်မှုများတွင် ပါဝင်ကာ တစ်နိုင်ငံချင်း သြဇာလွှမ်းမိုးရန်အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်လာခဲ့သည်' ဟု ဝမ်က ထပ်လောင်း ပြောကြားခဲ့ပြီး နေတိုးအား စစ်အေးခေတ်၏ ထုတ်ကုန်တစ်ခုဟု ခေါ်ဝေါ်ခဲ့သည်။

နေတိုးသည် ကာကွယ်ရေးအဖွဲ့အစည်းဟု ဆိုထားသော်လည်း တကယ်တမ်းတွင် ယင်းသည် ထိပ်တိုက် ရင်ဆိုင်မှုများနှင့် နှောင့်ယှက်မှုများကို အဆက်မပြတ် ဖန်တီးနေသည်ဟုလည်း နေတိုးကို ၎င်းက အပြစ်တင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly