တရုတ်ဂျက်လေယာဉ် ၂ စင်း ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်ခဲ့

တရုတ်ဂျက်လေယာဉ် ၂ စင်း ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်ခဲ့

တရုတ်လေတပ် (PLAAF) မှ ရုရှားလုပ် Sukhoi Su-30 Flanker ဂျက်လေယာဉ် ၂ စင်းသည် ဧပြီလ ၃၀ရက်က ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကျူးကျော်မှုများသည် နံနက် ၈ နာရီ ၅၃ မိနစ်နှင့် ၁ နာရီ ၂၃ မိနစ်တို့တွင် ဖြစ်ပွားခဲ့ပြီး ၂ ကြိမ်စလုံး ADIZ ၏ အနောက် တောင်ဘက်ရှိ တုန်းရှားကျွန်း၏ အရှေ့မြောက်ဘက် မီတာ ၉၈၀ဝ အမြင့်မှ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း Taiwan News သတင်းက ဖော်ပြခဲ့သည်။

ကျူးကျော်မှု ၂ ကြိမ်လုံးတွင် ထိုင်ဝမ်စစ်တပ်မှ လေယာဉ်များစေလွှတ်ခြင်း၊ ရေဒီယိုသတိပေးချက် ထုတ်ပြန် ခြင်းနှင့် ယင်းတို့ကိုခြေရာခံရန် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များချထားပြီးနောက် ဂျက်လေယာဉ် များသည်နောက်ကြောင်းပြန်လှည့်သွားခဲ့ကြောင်း ယင်းက ထပ်လောင်းဖော်ပြခဲ့သည်။

ဧပြီ ၂၈ ရက်နောက်ပိုင်း ပထမဆုံးကျူးကျော်ဝင်ရောက်မှုဖြစ်သော်လည်း ယင်းသည် ဧပြီလတွင် ၂၅ ရက်မြောက်ဝင်ရောက်ခြင်းဖြစ်ပြီး တစ်လတာလုံး စုစုပေါင်း လေယာဉ် ၇၂ စင်းဝင်ရောက်ခဲ့သည်။

၂၀၂၂ခုနှစ်တွင် ယခုအချိန်အထိ တရုတ်လေယာဉ် စုစုပေါင်း ၃၄၈ စီးဖြင့် ADIZ အတွင်းသို့ ကျူးကျော်ဝင် ရောက်မှု ၇၈ ရက်ရှိပြီဟု Taiwan News သတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly