ယူကရိန်း-ရုရှား ပဋိပက္ခသည် တရုတ်၏ ထိုင်ဝမ်ကို တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် အမေရိကန်အတွက် လမ်းညွှန်ချက်တစ်ခု ဖြစ်လာ

ယူကရိန်း-ရုရှား ပဋိပက္ခသည် တရုတ်၏ ထိုင်ဝမ်ကို တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် အမေရိကန်အတွက် လမ်းညွှန်ချက်တစ်ခု ဖြစ်လာ

ယူကရိန်း-ရုရှား ပဋိပက္ခသည် တရုတ်၏ ထိုင်ဝမ်ကို တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် အမေရိကန်အတွက် လမ်းညွှန်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ 

ယူကရိန်းအကျပ်အတည်းကို မဟာဗျူဟာမြောက် အကဲဖြတ်သည့် အစီရင်ခံစာတွင် တရုတ်ဘက်က တိုက်ခိုက် လာပါက ထိုင်ဝမ်ကို မည်သို့ခုခံကာကွယ်မည်ဆိုသည့် မဟာဗျုဟာကို ပြင်ဆင်ထားရန် လိုအပ်ကြောင်း အမေရိ ကန်စစ်တပ်က အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားပြီး၊ လေကြောင်း သာလွန်မှုက တရုတ် တပ်ဖွဲ့များကို ခုခံရန် အဓိက အဆုံးအဖြတ်ပေးမည့် အချက်ဖြစ်ကြောင်း ဆိုခဲ့သည်။ ထူးခြားသည်မှာ ရုရှားနှင့် တိုက်ရိုက်တိုက်ပွဲဖြစ်ပွားမည့် ယူကရိန်း၏ လေပိုင်နက်အတွင်း မပျံသန်းရဇုန် သတ်မှတ်ရန် ယူကရိန်း တောင်းဆိုချက်ကို အမေရိကန်က သဘောမတူခဲ့ပေ။

သို့သော် ထိုင်ဝမ်သည် ယူကရိန်းမဟုတ်ဘဲ၊ ပိုမိုထိခိုက်လွယ်သော အနေအထားတွင် ရှိနေသည်ဟု စစ်ဘက် ဆိုင်ရာ လေ့လာဆန်းစစ်မှုဝက်ဘ်ဆိုက် DefenseOne ကို ကိုးကား၍ The Hong Kong Post က ဖော်ပြခဲ့သည်။

'ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် အခြားအကြံအစည်များ မည်သို့ပင်ရှိစေကာမူ လေကြောင်းသာလွန်မှုက အရေးပါမည်ဖြစ်သည်။ အမေရိကန်နှင့် ထိုင်ဝမ် လေကြောင်းအင်အား သာလွန်ကောင်းမွန်ရေးကို ယခုပြင်ဆင်ထားရမည် ဖြစ်ပြီး ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးအတွက် စီမံကိန်းချထားရေးသည် ခါးသီးသည့် အမှန်တရားဖြစ်သည်ဟု ဝဘ်ဆိုက်ကို ကိုးကား၍ အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

သို့သော် ထိုင်ဝမ်သည် ပစိဖိတ်ရေပြင်မိုင်ထောင်ပေါင်းများစွာ အမေရိကန်အခြေစိုက်စခန်းများနှင့် ဝေးကွာနေခြင်းကြောင့် ထိုင်ဝမ်လေပိုင်နက်သည် ယူကရိန်းထက် ခုခံရန်ပိုမိုခက်ခဲမည် ဟု အမေရိကန်  စစ်ရေးကျွမ်းကျင်သူများကဆိုပြီး အနီးကပ်ဆုံးထောက်ပံ့ရေးလမ်းကြောင်းမှာ ဖိလစ်ပိုင်
ပင်လယ်ကိုဖြတ်ကာ၊ တောင်ဘက် ကူကျူကျွန်းတစ် လျှောက်၊ သို့မဟုတ် လူဇုန်မှ မြောက်ဘက်' ပိုင်းမှ ဖြစ်ပြီး အဆိုပါဒေသများ အားလုံးသည် ထိုင်ဝမ်ပိုင်နက်နှင့် ယင်း၏ သီးသန့်စီးပွားရေးဇုန်ကိုကျော်လွန်နေသည်။

ထို့ကြောင့် ထိုင်ဝမ်အပေါ် မပျံသန်းရ စစ်ပွဲဇုန်သတ်မှတ်ခြင်းသည် ထိုင်ဝမ်ကျွန်းကိုကျော်လွန်၍ ကြီးမားသော နယ်မြေတစ်ခုလုံးကို ကာကွယ်ရန် လိုအပ်မည်ဖြစ်သည်။

သို့သော်လည်း ရေတပ်အရာရှိတစ်ဦးဖြစ်ပြီး အမေရိကန်ရေတပ်၏ လက်ထောက်အတွင်းဝန်ဟောင်း ဆက်ကော့ဆေးက စစ်ဘက်အသိုင်းအဝိုင်းအတွင်း ဆွေးနွေးနေသည့် အချက်လေးချက် မဟာဗျူ ဟာ တစ်ရပ်ကို တင်ပြခဲ့သည်။

ယင်း မဟာဗျူဟာအရ အမေရိကန်သည် ကူကျူကျွန်းစုတွင် ရေတပ်နှင့် လေတပ်အင်အားသာလွန် ကောင်းမွန် ရမည်ဖြစ်ပြီး ယင်းကျွန်းစုကို လေကြောင်းကာကွယ်ရေးအခြေစိုက်နေရာအဖြစ် ပြောင်းလဲရမည် ဖြစ်ကာ ရှေ့တန်းတွင် တပ်ဖြန့်ထားသော အမေရိကန် မရိန်းတပ်သားများ၊ လေကြောင်းရန်ကာကွယ်ရေး အမြောက်များဖြင့် ပေါင်းစပ်ရမည်ဖြစ်သည်။ 

ထို့ပြင် ထိုင်ဝမ်အား တရုတ်၏ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် အမေရိကန်သည် ပေါင်းစည်းလေကြောင်းရန်ကာကွယ်ရေးကွန်ရက်တစ်ခု ရှိသင့်ကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly